အမေရိကန်သမ္မတဂျော့ဘုရှ်၏ လုပ်ရပ်များကြောင့် အမေရိကန်နိုင်ငံ များစွာနစ်နာ
အမေရိကန်သမ္မတဂျော့ဘုရှ်၏ မှားယွင်းသောမူဝါဒကြောင့်ကမ္ဘာ့အလယ်တွင် အမေရိကန်နိုင်ငံနာ မည်မပျက်၊ ဂုဏ်သိက္ခာ ကျဆင်းမှုများနှင့်အတူ အမေရိကန်ပြည်သူများလည်း အလုပ်လက်မဲ့ ဦးရေများပြားလာခြင်း၊ ကြွေးတင်ခြင်းများကို သုံးသပ်လျက် ၂၀၀၈ခုနှစ် နိုဝင်ဘာလ ၃ရက် တနင်္လာနေ့ထုတ် ဟာရယ်ထရီဗြွန်း သတင်းစာ၌ ဆောင်းပါးရှင် နီကိုလပ် စရစ်တော့၏ ရေးသားချက်များကို ဘာသာပြန်၍ ပြန်လည်ဖော်ပြလိုက်ပါသည်။ယခုနှစ်အတွင်း ကျွမ်းကျင်နှံ့စပ်သော သမိုင်းပညာရှင် ၁၀၉ ဦးအား အမေရိကန်သမ္မတဂျော့ဘုရှ် ကိုတခြားအမေရိကန်သမ္မတဟောင်းများနှင့် နှိုင်းယှဉ်ပြောကြားရန် စစ်တမ်းကောက်ခဲ့ရာ သမိုင်းပညာရှင် ၆၁ရာခိုင်နှုန်းက သမ္မတဘုရှ်သည် အမေရိကန်သမိုင်းတွင် အညံ့ဖျင်းဆုံး အဆိုးဆုံးဟု မှတ်ချက်ပြုခဲ့ကြသည်။ ကျန်သမိုင်းပညာရှင်များကလည်း အမေရိကန်ပြည်တွင်းစစ် ဖြစ်ပွားစေခဲ့သော သမ္မတဂျိမ်းဘူခါနန် ပြီးလျင် ယခုသမ္မတဘုရှ်သည် ဒုတိယအဆိုးဆုံး အညံ့ဖျင်းဆုံး သမ္မတဟုကောက်ချက်ချခဲ့ကြသည်။ စစ်တမ်းကောက်ယူသည့် သမိုင်းပညာရှင် ၉၈ ရာခိုင်နှုန်းက တစ်ညီတစ်ညွတ်တည်း မှတ်ချက်ပြုမှုမှာ လက်ရှိသမ္မတဘုရှ်သက်တမ်းအတွင်း အုပ်ချုပ်မှုမှာ အစစအရာရာဆုံးရှုံးမှုသာဖြစ်သည်ဟု ဝေဖန်ခဲ့ကြသည်။
သမ္မတဘုရှ်၏ အုပ်ချုပ်ရေး မအောင်မြင်ခြင်းဟု မှတ်ချက်ချရခြင်းမှာ လူပုဂ္ဂိုလ်အနေဖြင့် အဂတိလိုက်စားမှုကြောင့်မဟုတ်ပဲ ကမ္ဘာ့နိုင်ငံများနှင့် ဆက်ဆံရေးတွင် အမေရိကန်နိုင်ငံသည် အထီးကျန်ဖြစ်လာစေမှုအတွက်ဖြစ်သည်။ သမ္မတဘုရှ်၏ကောင်းဘွိုင်ဆန်ဆန်သံတမန်ဆက်ဆံ ရေးကြောင့်နိုင်ငံတကာနယ်ပယ်၌ မိတ်ဆွေနိုင်ငံများလျော့နည်းကျဆင်းလာခဲ့လျက် ကမ္ဘာ့အင်အား ကြီးနိုင်ငံ၊ ချမ်းသာသော အမေရိကန်နိုင်ငံသည် အရိုင်းစိုင်းနိုင်ငံဟု နိုင်ငံများက ထင်မှတ်မှားခဲ့ ကြသည်။ မြောက်ကိုရီးယားနှင့် အီရန်နိုင်ငံတို့ကို အထီးကျန်ဖြစ်အောင် ကြိုးပမ်းခဲ့သော သမ္မတဘုရှ်သည် ကမ္ဘာ့အလယ်တွင် အမေရိကန်နိုင်ငံကို အထီးကျန်ဖြစ်လာစေခဲ့သည်။ သူ၏ရည် မှန်းချက်များအောင်မြင်ရန်ကြိုးပမ်းမှုများတွင် အဟန့်အတားများနှင့် ကြုံတွေ့ခဲ့ရသည်။
ထို့ကြောင့် အမေရိကန်သမ္မတရွေးကောက်ပွဲ၌ အနိုင်ရရှိသော သမ္မတလောင်းသည် အမေရိကန်နိုင်ငံကို ကမ္ဘာ့အလယ်တွင် ဂုဏ်ရောင်ထည်ဝါစေရန်အတွက် နိုင်ငံတကာနှင့် မိတ်ဆွေ ပြန်လည်ဖွဲ့ရန်လိုအပ်သည်။ နိုင်ငံတကာနှင့် ပြန်လည်သဟဇာတဖြစ်ရန်နှင့် မဟာမိတ်နိုင်ငံများနှင့် ပြန်လည်ရင်ကြားစေ့နိုင်ရန် လမ်း၃၀ကို အခြေခံသင့်ပေသည်။
(၁) အကြမ်းဖက်မှု နှိမ်နှင်းရေးစစ်ပွဲဟု သမ္မတဘုရှ်က ကင်ပွန်းတပ်ခဲ့၍ ဖမ်းဆီးလာခဲ့သော နိုင်ငံတကာ အကျဉ်းသားများကို ချုပ်နှောင်ထားရာ ကျူးဘားနိုင်ငံ ဂွမ်တာနာမို အကျဉ်းစခန်းကို ပိတ်ပစ်၍ ၄င်းစခန်းကို ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများတွင် ဖြစ်ပွားသော အပူပိုင်းဒေသရောဂါဆိုင်ရာ သုတေသနစခန်းအဖြစ် ပြောင်းလဲပစ်ရန်။
(၂) အမေရိကန်နိုင်ငံသည် စစ်အင်အား တည်ဆောက်မှုများကို ပြုလုပ်ထားသင့်သော်လည်း ၂၁ရာ စုယနေ့အချိန်အခါတွင် စစ်အင်အားသုံခြင်းထက် သံတမန်ရေးအရ ညှိနှိုင်းစေ့စပ်မှုက ပိုကောင်းသည်ကို သဘောပေါက်သင့်သည်။ သာဓကအားဖြင့် လွန်ခဲ့သော ၈နှစ်ကျော် သမ္မတ ကလင်တန်လက်ထပ်က မြောက်ကိုရီးယားတို့လက်ထဲ၌ အနုမြူလက်နက်များ မရှိခဲ့သော်လည်း သမ္မတဘုရှ်က ကြိမ်းမောင်းနေသည့် ကြားမှပင် ယနေ့မြောက်ကိုးရီးယားသည် နျူကလီးယားဗုံး ၆လုံးမျှထုတ်လုပ်နိုင်သော အခြေအနေတွင် ရှိရာ နိုင်ငံတကာဆက်ဆံရေး၌ သံတမန်ရေးကို ဦးစားပေးသင့်သည်။
(၃) အမေရိကန်နိုင်ငံသည် ကမ္ဘာ့နိုင်ငံများအား လူသားခြင်း စာနာသည့် အကူအညီများကို တိုးမြှင့် ပေးသင့်သည်။ အထူးသဖြင့် ကမ္ဘာ့လူဦးရေ ထိန်းချုပ်ရေးဆိုင်ရာ ကုလမဂ္ဂ၏ ကြိုးပမ်းမှုများတွင် အမေရိကန်နိုင်ငံက ပိုမိုကူညီသင့်သည်။ မိသားစုလူဦးရေကိုကန့်သတ်မှုကို အားမပေးပါက မလိုလား အပ်သော သန္ဓေတည်ကိုယ်ဝန်ဆောင်ခြင်းများနှင့်အတူ အန္တရာယ်များသည့် ကိုယ်ဝန် ဖျက်ချမှုများစွာ ရှိလာမည်ဖြစ်ရာ ကမ္ဘာ့ပြဿနာရပ်များ၌ အမေရိကန်နိုင်ငံသည် ယခုထက်ပိုမို ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်သည်။
0 comments:
Post a Comment