ရန်ကုန်မြို့မှအထွက်တွင် ရောင်နီပျိုးစပြုနေပြီဖြစ်သည်။ လမ်းဘေးဝဲယာတွင် ရိတ်သိမ်းပြီးစ လယ်ကွင်းများ ရိတ်သိမ်းရန်အသင့်ရှိနေသော စပါးခင်းများ ရိတ်သိမ်းနေသော လယ်ကွက်များနှင့် စိမ်းစိုလန်းဆန်းနေသော စပါးစိုက်ခင်းများကို တစ်မျှော်တစ်ခေါ်တွေ့မြင်နေရသည်။