အမှတ်(၂) စက်မှုဝန်ကြီးဌာန ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးသိန်းသည် နိုဝင်ဘာလ ၂၅ရက် နံနက်ပိုင်းတွင် ပဲခူးတိုင်း ရေတာရှည်မြို့နယ် သာဂရမြို့ရှိ သာဂရ စက်မှုနယ်မြေသို့ ရောက်ရှိပြီး စက်မှုနယ်မြေရှိ စက်မှုသင်တန်းကျောင်း (သာဂရ) စီမံကိန်းနေရာ၌ စာသင်ဆောင်များ၊ လက်တွေ့သင်ကြားရေးဆောင်များ၊ ပင်မအဆောင်နှင့် စုဝေးခန်းမတို့၏ တည်ဆောက်ပြီးစီးမှုကိုလည်းကောင်း၊ သင်တန်းကျောင်းအတွင်းရှိ လမ်းများ ဆောင်ရွက်ပြီးစီးနေမှုကို လည်းကောင်း ကြည့်ရှုစစ်ဆေးသည်။