ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ကြီးကို ၁၉၄၅ခုနှစ် အောက်တိုဘာ ၂၄ရက်နေ့တွင်
စတင်ဖွဲ့စည်းထူထောင်ခဲ့ရာ ယနေ့ဆိုပါလျှင် (၆၃)နှစ်တိုင်ခဲ့ပေပြီ။ ယခုအခါ
ကုလသမဂ္ဂအဖွဲ့ ဝင်နိုင်ငံပေါင်း ၁၉၂နိုင်ငံရှိပြီဖြစ်ရာအဖွဲ့ဝင်နိုင်ငံတိုင်းကကမ္ဘာ့
ကုလသမဂ္ဂနေ့ အခမ်းအနားကို ကျင်းပကြသည်။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး
သည် ပဋိညာဉ်စာတမ်းပါ မွန်မြတ်ပြည့်စုံလှသည့် ရည်မှန်းချက်နှင့်အခြေခံ
မူများဖြစ်သော နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိုထိန်းသိမ်းစောင့်ရှောက်
ရန်၊ နိုင်ငံတကာစီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် လူသားချင်းစာနာ
ထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များကို ဖြေရှင်းရာ၌ ပူးပေါင်းဆောင်ရွက်မှု
ရရှိရန်ဆိုသည့် မဏ္ဍိုင်ကြီးကို ခိုင်ကျည်စွာထိန်းသိမ်းစောင့်ရှောက်ထားပေသည်။
မြန်မာနိုင်ငံသည် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ ဝင်နိုင်ငံဖြစ်ခဲ့သည့် အချိန်မှစ၍
ကမ္ဘာ့မိသားစုဝင် နိုင်ငံတစ်နိုင်ငံပီသစွာ နိုင်ငံတကာအရေးအရာများ၊
ကုလသမဂ္ဂအဖွဲ့ကြီး၏ လုပ်ငန်းဆောင်တာများကို အစဉ်တစိုက် ပူးပေါင်း
ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံသည် လွတ်လပ်၍ တက်ကြွသော
နိုင်ငံခြားရေးဝါဒကိုကျင့်သုံးပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးချက်နှင့်
အညီကမ္ဘာ့နိုင်ငံများနှင့် ဆက်ဆံနေထိုင်ခဲ့သည်။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့
ကြီးသည်မွန်မြတ်သည့် လုပ်ငန်းစဉ်များကို ကြိုးပမ်းဆောင်ရွက်ရာတွင် ကမ္ဘာ့နိုင်ငံ
အသီးသီးတန်းတူရည်တူရှိမှု၊ အချုပ်အခြာအာဏာပိုင်မှုကို အလေးအနက်ထားပြီး
နိုင်ငံကြီးငယ်မဟူနိုင်ငံအားလုံးနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံအနေ
ဖြင့်လည်းအဖွဲ့ဝင်နိုင်ငံများအားလုံးနှင့် လက်တွဲ၍ ကမ္ဘာ့လူသားများအကျိုးအတွက်
ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။