နိုင်ငံတော်အစိုးရက ပညာရည်မြင့်မားရေးအတွက်နှစ်(၃၀)နှစ်ရှည်စီမံကိန်းကို
ချမှတ်ဖော်ဆောင်နေသည်။ အခြေခံပညာ ကဏ္ဍနှင့် အဆင့်မြင့်ပညာ
ကဏ္ဍ စနစ်တကျပေါင်းစပ် ချိတ်ဆက်ဆောင်ရွက်သွားနိုင်ရေး ကြိုးပမ်းလျက်ရှိသည်။
နိုင်ငံတစ်ဝန်း၌ ခေတ်မီသင်ကြားမှု နည်းပညာသစ်များ ၊
အီလက်ထရွန်နစ်သင်ထောက်ကူပစ္စည်းများ အပါအ၀င်ပညာရေးဆိုင်ရာ
အခြေခံကောင်းများကို တည်ဆောက်ဖြည့်ဆည်းပေးထားပြီးဖြစ်သည်။
ယင်းသိုဖြည့်ဆည်းမှုများနှင့် အညီ ကျောင်းသား၊ကျောင်းသူတိုင်း
ပညာသင်ယူတက်မြောက်စေရေး ကြိုးပမ်းကြရမည်ဖြစ်သည်။
မူလတန်းအဆင့်၌ စနစ်တကျ သင်ယူတက်မြောက်ခြင်းဖြင့်သာ
အလယ်တန်းအဆင့်တွင် အခြေခံခိုင်မာပြီး အထက်တန်းအဆင့်တွင်
ဘက်စုံအောင်မြင်တိုးတက်မှုများ ရရှိနိုင်မည်ဖြစ်သည်။
ကျောင်းသား၊ကျောင်းသူလူငယ်များ၏ ပညာအရည်အချင်း၊
အတက်ပညာနှင့် စိတ်ဓာတ်ခံယူချက်များ
ပြည့်စုံနေရေး ဆရာ၊ဆရာမများက ဂရုတစိုက်သင်ကြားပျိုးထောင်
ပေးရမည် ဖြစ်သည်။
ကျောင်းသား၊ ကျောင်းသူ လူငယ်များကို ငယ်စဉ်ကပင်စတင်၍
နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ်၊ အမျိုးသားရေးစိတ်ဓာတ်များ
စွဲမြဲခံယူထက်သန်စေရေး ဆောင်ရွက်ပေးသွားကြရမည်ဖြစ်သည်။
ကျောင်းစည်းကမ်း၊ ရပ်ရွာစည်းကမ်း၊ လူမှုစည်းကမ်း၊
ဥပဒေစည်းကမ်း ဘောင်အတွင်း နေထိုင်ကျင့်ကြံတက်သည့်
အလေ့အကျင့်ကောင်းများ ရရှိစေရေး လေ့ကျင့်ပေးကြရမည်ဖြစ်သည်။
သို့မှသာ ကျောင်းသား၊ကျောင်းသူများသည် ကျောင်းပညာရပ်
ဆိုင်ရာသာမက စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်သည့်
နိုင်ငံနှင့် လူမျိုးအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင်သော
စွမ်းရည်စိတ်ဓာတ်များ ပြည့်ဝခိုင်မာလာမည် ဖြစ်သည်။
နိုင်ငံတော်က အမျိုးသားပညာရည်မြင့်မာရေးအတွက် အဘက်ဘက်က
ဖန်းတီးဖော်ဆောင်ပေးလျက်ရှိချိန်တွင် ဆရာ၊ဆရာမများနှင့်
တာဝန်ရှိသူတိုင်းက မိမိတို့တပည့်များအား မူလတန်းအရွယ်
ငယ်ရွယ်စဉ်ကပင်စတင်၍ စာပေ၊စာရိတ္တနှင့် ကိုယ်ကျင့်တရား ၊
စာပေတက်မြောက်မှု စွမ်းရည် တိုးတက်မြင့်မားလာရေး
ပြုစုပျိုးထောင်ပေးခြင်းဖြင့် ဘက်စုံထူးချွန်ထက်မြက်သည့်
မျိုးဆက်သစ်များ စဉ်ဆက်မပြတ် ပေါ်ထွက်လာမည်ဖြစ်သည်။

ကိုလံဘီယာ၌ ရေကြီး၍ မြေပြို ပြည်သူ ၁၀၀၀၀၀ ကျော် ဘေးဒုက္ခကြုံတွေ့
ကိုလံဘီယာနိုင်ငံအတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် မြေပြိုခြင်းနှင့်
ရေကြီးခြင်းတို့ကြောင့် ပြည်သူ ၁၀၀၀၀၀ ကျော် ရေဘေးဒုက္ခနှင့် ကြုံတွေ့နေရသည်။ ကော်ဒိုဘာဒေသမြောက်ပိုင်းတွင် ရေဘေးဒဏ်မှာ အဆိုးရွားဆုံး ရင်ဆိုင်
နေရသည့်အဖြစ် ဟုဆိုသည်။
ကော်ဒိုဘာဒေသမှ ပြည်သူ ၁၇၀၀၀ကျော်တို့အား ဘေးကင်းရာသို့
ရွှေ့ပြောင်းခဲ့ရသည်။ ယခုရက်သတ္တပတ်အတွင်း မိုးရွာသွန်းမှု
လျော့နည်းမည်ဟု ခန့်မှန်းထားသော်လည်း ဆန်ဂျော့နှင့် ဆီနုမြစ်တို့
ဝန်းကျင်ဒေသများ၌ ရေကြီးနေဆဲဖြစ်သည်။
ကိုလံဘီယာနိုင်ငံ၏ ထက်ဝက်ကျော်သည် ရာသီဥတုဖောက်ပြန်
သည့်ဒဏ်ကို ကြုံတွေ့နေရသည်။

အီရတ်နိုင်ငံ နင်နီးဗားပြည်နယ် မိုလ်ဆူးမြို့တွင် အောက်တိုဘာ ၁၁
ရက်က ပစ်ခတ်မှုဖြစ်ပွားရာ လေးဦးသေဆုံးပြီး
သုံးဦးဒဏ်ရာရရှိသွားကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှလာသော
သတင်း၌ ဖော်ပြသည်။
မိုလ်ဆူးမြို့လယ်ကောင် ဈေးအနီးတွင် ရဲတပ်ဖွဲ့ဝင် နှစ်ဦးအား
မည်သူမည်ဝါမှန်းမသိသူ သေနတ်သမားများက ပစ်
ခတ်ရာ အရပ်သားတစ်ဦးနှင့် ရဲတပ်သားတစ်ဦး
သေဆုံးသွားပြီး အခြားနှစ်ဦးဒဏ်ရာရရှိသွားသည်ဟု
အမည်မဖော်လိုသူတစ်ဦးကပြောကြားသည်။
အခင်းဖြစ်ပွားရာတွင် ရောက်နေသူရဲသားတစ်ဦးက
သေနတ်သမားများကို ပြန်လည်ပစ်ခတ်ရာ သေနတ်သမား
တစ်ဦးသေဆုံးသွားပြီး ၎င်းရဲတပ်ဖွဲ့ဝင်မှာလည်း ဒဏ်ရာရရှိသွား
သည်ဟု ရဲသတင်းရက်ကွက်ကဖော်ပြသည်။

Posted by အမှန်မြင်ဖို့ at Wednesday, October 15, 2008
0 comments:
Post a Comment