သစ်တောရေးရာဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ်သိန်းအောင်အား ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာရုံးမှ Deputy Regional Representative, Mr.Hiroyuki Konuma နှင့် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ရုံးမှ ဌာနေကိုယ်စားလှယ် Dr.Shin Imai တို့သည် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ သစ်တောရေးရာ ၀န်ကြီးဌာန ၀န်ကြီးရုံး ဧည့်ခန်းမ၌ လာရောက် တွေ့ဆုံကြကြောင်း သတင်းရရှိသည်။