ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းအဖွဲ့ ညှိနှို်င်းအစည်းအဝေး ကျင်းပ
လေဘေးသင့်ဒေသများ၌ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိရာတွင် စာသင်ကျောင်းများပြုပြင်ရန် လိုအပ်မှုအခြေအနေနှင့် ကျောင်းသုံးပရိဘောဂ လိုအပ်ချက် ညှိနှိုင်းအစည်းအဝေးကို သြဂုတ် ၃၀ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ မရန်းကုန်းမြို့နယ် စွယ်တော်မြတ် စေတီတော် အနီး မီးသတ်ဦးစီးဌာနချုပ်(ရုံးချုပ်)ရှိ အစည်းဝေးခန်းမ၌ ကျင်းပသည်။ ထို့နောက် အမျိုးသား သဘာဝ ဘေးကာကွာစောင့်ရှောက်ရေး ဗဟိုကော်မတီ အတွင်းရေးမှုး ပြန်လည်ထူထောင်ရေးနှင့် ပြန်လည် တည်ဆောက်ရေးဆပ်ကော်မတီဥက္ကဋ္ဌ ၊လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ၀န်ကြီးချုပ် ဗိုလ်ချုပ်မောင်မောင်ဆွေက အမှာစကားပြောကြားရာတွင် လေဘေးသင့်ဒေသ အထူးသဖြင့် ဧရာဝတီတိုင်းအတွင်းရှိ မျိုးဆက်သစ်များအတွက် ပညာရေးအခြေခအုတ်မြစ်တည်ဆောက်ရန် ကြိုးစားလျက် ရှိကြောင်း၊ ပျက်စီးသွားသော ကျောင်းဆောင်များကိုရာနှုန်းပြည့် ပြန်လည်တည်ဆောက်ရန် စီစဉ်ထားကြောင်း နှင့် မုတ်သုံရာသီကုန်ဆုံး၍ တည်ဆောက်ရေးလုပ်ငန်းများ ပြုလုပ်မည့်အချိန်ရောက်၇ှိလာပါက နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့် စာသင်ကျောင်းများ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ နှင့် ကျောင်းသုံးပရိဘောက လိုအပ်ချက်များကို အလေးထား၍ ဆောင်ရွက်ပေးစေလိုကြောင်းပြောကြားခဲ့သည်။
ထို့နောက်တက်ရောက်လာကြသော ၀န်ကြီးဌာနများမှ တာဝန်ရှိသူများ၊ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် အစိုးရ မဟုတ်သော အပြည်ပြည်ဆိုင်ရာ လူမှုရေးအဖွဲ့အစည်းများက မိမိတို့၏ဆောင်ရွက်ပေးမည့် အစီအစဥ်များကို တင်ပြကြပြီး ၀န်ကြီးက နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း Myanmar nargis newsမှသိရှိရပါသည်။
0 comments:
Post a Comment