ဗဟိုအလုပ်အမှုဆောင်ဝန်ကြီး ဗိုလ်မှူးချုပ်သူရအေးမြင့် မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း အခြေခံစည်းရုံးရေးသင်တန်း ဖွင့်ပွဲသို့တက်ရောက်
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဗဟိုအလုပ်အမှုဆောင် အားကစားဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ်သူရအေးမြင့်သည် စက်တင်ဘာ ၁ရက် နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းရုံးခန်းမ၌ ကျင်းပသည့် အခြေခံစည်းရုံးရေး သင်တန်း အမှတ်စဉ်(၁၉) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားသည်။ထို့နောက် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းအတွင်းရေးမှူး ဦးခင်မောင်ဝင်းက အသင်းဝင် အဆိုပြုလွှာ ၁၂၀၀ကို ဗဟိုအလုပ်အမှုဆောင် ၀န်ကြီးထံ ပေးအပ်သည်။
ဆက်လက်၍ ဗဟိုအလုပ်အမှုဆောင် ၀န်ကြီးက ငွေကျပ်တစ်သိန်း၊ မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီဥက္ကဋ္ဌနှင့် စက်မှုဇုန်ကော်မတီက ငွေကျပ်ငါးသောင်းစီ၊ ၀ါး၊ ဓနိလုပ်ငန်းဆိုင်ပိုင်ရှင် ဦးသန်းဇော်က ငွေကျပ်တစ်သိန်းတို့ကို တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းကြသည်။
ထိုမှတစ်ဆင့် ဗဟိုအလုပ်အမှုဆောင် ၀န်ကြီးသည် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် အမှတ်(၄) အခြေခံပညာ အလယ်တန်းကျောင်းသို့ ရောက်ရှိပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက တာဝန်ယူ ဆောက်လုပ်လျက်ရှိသည့် အလျားပေ ၁၂၀၊ အနံပေ ၃၀ တစ်ထပ်(သံထည်) ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ၀န်ကြီးသည် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းရုံး၌ တက္ကသိုလ်ဝင်တန်း ပညာရေးအထောက်အကူပြု ပညာဒါနသင်တန်းမှ ကျောင်းသား၊ ကျောင်းသူများအား အားပေးစကားပြောကြားပြီး ကျောင်းသုံးဗလာစာအုပ်နှင့် ငွေကျပ်တစ်သိန်းကို ထောက်ပံ့ပေးအပ်သည်။
ဆက်လက်၍ ဗဟိုအလုပ်အမှုဆောင် ၀န်ကြီးသည် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးအရေး အသင်းရုံးခန်းမ၌ မြို့နယ်အဆင့် အမှုဆောင်များအား တွေ့ဆုံ၍ အမှာစကား ပြောကြားကြောင်း သတင်းရရှိသည်။
Posted by အမှန်မြင်ဖို့ at Thursday, September 4, 2008
Labels: ပြည်တွင်းသတင်း
0 comments:
Post a Comment