ရန်ကုန်ုတိုင်းနှင့် ဧရာဝတီတိုင်းအတွင်း လေဘေးသင့်ဒေသများ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် တနသာင်္ရီတိုင်းမှ သွားရောက်ကူညီဆောင်ရွက်ပေးခဲ့ကြသူများအား ဂုဏ်ပြုပွဲကို သြဂုတ်လ ၃၀ရက်နေ့ မွန်းလွဲပိုင်းတွင် မြိတ်မြို့ ပုလဲရတနာခန်းမ၌ ကျင်းပရာ တနသာင်္ရီတိုင်းအေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေး ကောင်စီ ဥက္ကဋ္ဌ၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ခင်ဇော်ဦးနှင့် အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီဝင်၊မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ် မောင်မောင်သိမ်းတို့ တက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြားကြသည်။ ထို့နောက် လေဘေးသင့်ဒေသပြန်လည်တည်ဆောက်ရေး လုပ်ငန်းများတွင် သွားရောက်ကူညီ ဆောင်ရွက်ခဲ့ကြသော တနသာင်္ရီတိုင်း ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံဖြိုးရေးအသင်းကိုယ်စားအဖွဲ့ဝင်တစ်ဦးနှင့် ငါးဖမ်းစက်လှေ တည်ဆောက်ရေးအဖွဲ့ဝင် တစ်ဦးတို့က လုပ်ငန်းအတွေ့အကြုံများကို ရှင်းလင်းပြောကြား ခဲ့သည်။
ထို့နောက် တိုင်းမှူး ဗိုလ်ချုပ်ခင်ဇော်ဦးက မြိတ်ခရိုင်နှင့်ထားဝယ်ခရိုင်တို့မှ သွားရောက်ကူညီ ဆောင်ရွက် ခဲ့ကြသော ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးအသင်းဝင်များမှ တနသာင်္ရီတိုင်း ငါးလုပ်ငန်းဦးစီးဌာန တို့အား ဂုဏ်ပြုမှတ်တမ်းနှင့်ဂုဏ်ပြုလက်ဆောင်များကို လည်းကောင်း၊ အမျိုးသားသဘာဝဘေး ကာကွယ် စောင့်ရှောက်ရေး ဗဟိုကော်မတီဝင် ၀န်ကြီး ဗိုလ်မှူးချုပ် မောင်မောင်သိမ်းက ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ တွင်ကူညီဆောင်ရွက်ပေးခဲ့ကြသော တနသာင်္ရီတိုင်း ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် ငါးဖမ်းစက်လှေ တည်ဆောက်ရေး အဖွဲ့ဝင်များအား ဂုဏ်ပြုလက်ဆောင်များကိုလည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်ဟု Myanmar nargis newsမှသိရှိရသည်။