ချောင်းဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၏ နှစ်ပတ်လည် သင်းလုံးကျွတ် အစည်းအဝေးနှင့် တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်စွာ အောင်မြင်သူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို စက်တင်ဘာ ၁၅ရက် နံနက် ၉နာရီက မြို့နယ်အသင်းရုံး၌ ကျင်းပသည်။
အမှာစကားပြောကြား
အခမ်းအနားတွင် မြို့နယ်ဥက္ကဌ ဦးညွန့်မောင်နှင့် တိုင်းအလုပ်အမှုဆောင် ဒေါ်သိင်္ဂီဝင်းရွှေတို့က အမှာစကား ပြောကြားကြပြီး မြို့နယ်အတွင်းရေးမှူး ဒေါက်တာလှစိန်က ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ဆုချီးမြှင့်
ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ မြို့နယ်အတွင်းရေးမှူး ဒေါက်တာလှစိန်က ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ကြသူများအား ဆုများ ပေးအပ်ချီးမြှင့်သည်။ ဆက်လက်၍ စည်းရုံးရေး စွမ်းဆောင်ရည် အကောင်းဆုံးဆုရ ကင်မွန်းတော်ကျေးရွာ၊ ဘလွေကျေးရွာနှင့် အောင်ချမ်းသာကျေးရွာများမှ စည်းရုံးရေးမှူးများ၊ ဧရာဝတီတိုင်းအတွင်းရှိ မုန်တိုင်းသင့်ဒေသများသို့ သွားရောက်၍ ပြန်လည် ထူထောင်ရေးနှင့် တည်ဆောက်ရေး လုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်ခဲ့ကြသော အသင်းဝင် ငါးဦးတို့အား တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြောင်း သိရသည်။