နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ သတင်းထုတ်ပြန်ရေးကော်မတီ၏ သတင်းစာရှင်းလင်းပွဲ(၁/၂၀၀၈)ကျင်းပ


နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ သတင်းထုတ်ပြန်ရေးကော်မတီ၏ သတင်းစာရှင်းလင်းပွဲ (၁/၂၀၀၈)ကို ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီးရုံးခန်းမကြီး၌ကျင်းပသည်။
ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက ၂၀၀၈ခုနှစ် ဇူလှိုင် ၁ ရက်တွင် ရွှေပြည်သာမြို့နယ် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးအသင်းရုံး ဗုံးပေါက်ကွဲမှုဖြစ်စဉ်နှင့်ဖော်ထုတ်ဖမ်းဆီးရမိမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
သတင်းစာရှင်းလင်းပွဲအပြီးတွင် တက်ရောက်လာကြသော ပုဂ္ဂိုလ်များနှင့် ဧည့်သည်တော်များသည် သတင်းစာရှင်းလင်းပွဲ ကျင်းပရာ ခန်းမကြီးအတွင်း ခင်းကျင်းပြသထားသည့် မျိုးဆက်သစ်မဟာမိတ်များအဖွဲ့ [(New Generation For Democracy(NGD)] အား ဖော်ထုတ်ဖမ်းဆီးရမှုနှင့် ရွှေပြည်သာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းရုံး ဗုံးပေါက်ကွဲမှုဖြစ်စဉ် မှတ်တမ်းဓာတ်ပုံများ၊ နာဂစ်လှုပ်ရှားမှုနှင့် အင်တာနက်တွင် တင်ထားသော နိုင်ငံရေးလှုပ်ရှားမှုများအား ကူးယူထားသည့် VCD ခွေများ၊နိုင်ငံရေးနှင့် ပတ်သက်သော စာအုပ်များ၊ နိုင်ငံရေး အန်တုမှုသင်ခန်းစာ၊ဖောက်ခွဲရေးသင်ခန်းစာ၊ ဗကပအထွေထွေအတွင်းရေးမှူး အစီရင်ခံစာ၊ CIA ထုတ် မြို့ပြပြောက်ကျားလုပ်နည်း၊ မြေအောက်လုပ်ငန်းလမ်းညွှန်၊ မြို့တွင်းပြောက်ကျားနှင့် နိုင်ငံရေးဟောပြောမှု စာရွက်စာတမ်းများ၊ NGD အဖွဲ့ဝင်များထံမှ သိမ်းဆည်းရမိသည့် ဖောက်ခွဲရေးသုံးပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို ကြည့်ရှုလေ့လာကြသည်။
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ သတင်းထုတ်ပြန်ရေးကော်မတီ၏ သတင်းစာရှင်းလင်းပွဲ (၁/၂၀၀၈)တွင် တက်ရောက်လာသူများ၊ ပြည်တွင်း ပြည်ပ သတင်းစာဆရာများ၏ မေးမြန်းမှုနှင့် တာဝန်ရှိသူများ၏ ပြန်လည် ရှင်းလင်းဖြေကြားချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-
ဒုတိယတစ်ချက်ကတော့ ဆေးကုသခွင့်မရလို့ လို့ဆိုပါတယ်။
တတိယကတော့ ဒေါ်ခင်ဝင်းနဲ့ မသုသုဝေ(ခေါ်)မဝင်းဝင်းမတို့ နှစ်ဦးကိုပါ ထိန်းသိမ်းခံနေရလို့ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီအပေါ်မှာ နိုင်ငံတော်အစိုးရရဲ့ သဘောထား ကျွန်တော်သိချင်ပါတယ်။
နောက်တစ်ခုက နိုင်ငံတော်အစိုးရအနေနဲ့ ခုန NLD က တောင်းဆိုတဲ့ အတိုင်းဘဲ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ အစီအစဉ်ရှိပါသလား။
ဒုတိယအချက်ကတော့ သူမကို ထိန်းသိမ်းထားတာနဲ့ပတ်သတ်ပြီး ကျွန်တော် ဖြေကြားလိုတာကတော့ ကနေ့ နိုင်ငံတော်အစိုးရက ဆောင်ရွက်နေတာ အားလုံးဟာ ဥပဒေနဲ့အညီသာ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်၊ ဥပဒေနဲ့အညီသာ ဆောင်ရွက်နေတာဖြစ်ပါတယ်၊ နောင်လည်း ဥပဒေနဲ့အညီသာ ဆက်လက်ဆောင်ရွက်သွား မှာဖြစ်ပါတယ်။
နိုင်ငံတော်အစိုးရအနေနဲ့ ဒေါ်စုကြည်ကိုလွှတ်ပေးဖို့ အစီအစဉ်ရှိသလားဆိုတာနဲ့ပတ်သတ်လို့လည်း ကျွန် တော်စောစောကပြောသလို ဥပဒေနဲ့အညီသာ ဆောင်ရွက်သွားမှာဖြစ်ပါတယ်လို့ ပြောကြားလိုပါတယ်။
နံပါတ် ( ၂ ) အနေနဲ့ကတော့ ရဲချုပ်ကြီး ရှင်းလင်းပြောကြားသွားတဲ့ အထဲမှာ တစ်ဖက်နိုင်ငံရှိ ကျော်ထက်နဲ့ ပတ်သတ်ပြီးတော့ ပါဝင်ပါတယ်။ အဲဒီတော့ သူ့ကိုဘယ်လိုအရေးယူဆောင်ရွက်သွားမှာလဲဆိုတာသိချင်ပါ တယ်။
ဒုတိယမေးလိုတာကတော့ အခုတလော အင်တာနက်မှာဖြစ်ပေါ်နေတဲ့ သတင်းများအရ မင်းကိုနိုင်တို့အဖွဲ့က သူတို့ လက်ထိတ်အခတ်မနိုင်ဘူး၊ သူတို့ကိုလက်ထိတ်ခတ်ဖို့ မလိုဘူးလို့ပြောနေပါတယ်။ အဲဒီကိစ္စလေး သိလိုပါတယ်။
ဒုတိယမေးခွန်းကတော့ မင်းကိုနိုင်တို့အဖွဲ့ လက်ထိပ်ခတ် မခံနိုင်ဘူး ဆိုတဲ့ကိစ္စပါဘဲ။ ကျွန်တောတို့လည်း ဒီသတင်း နဲ့ပတ်သတ်ပြီး အင်တာနက်မှာဖတ်လိုက်ရပါတယ်။ ဥပဒေကြောင်းအရ ပြောမယ်ဆိုရင် ရဲလက်စွဲ (၁၃၈၁) မှာ တော့ အာမခံပေးနိုင်တဲ့ အမှုဖြစ်စေ၊ အာမခံမပေးနိုင်တဲ့ အမှုဖြစ်စေ ဒီလိုအမှုမျိုးကိုကျူးလွန်တဲ့ ပုဂ္ဂိုလ်ကို တရားရုံးသို့ တရားရင်ဆိုင်ဖို့ ထုတ်တဲ့ အခါမှာ လက်ထိတ်ခတ်ပိုင်ခွင်ရှိတယ်လို့ဖော်ပြထားပါတယ်။ ဒါကြောင့်ဥပဒေနဲ့ညီတယ်လို့ ပြောချင်ပါတယ်။ နောက်တစ်ချက်က ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ( ၁၇၄) မှာလည်း နိုင်ငံဝန်ထမ်းတစ်ဦးကနေပြီးတော့ လိုအပ်လို့ ဆင့်ခေါ်တဲ့ အခါမျိုးမှာ လက်ထိတ်ခတ်ဖို့ငြင်းဆန်မှု ဟာ ပြစ်မှုဆိုင်ရာ (၁၇၄) ကိုချိုးဖောက်ရာကျပါတယ်။ ပြစ်ဒဏ်အနေနဲ့ (၆)လလောက်ပြစ်ဒဏ်ချခံဖွယ်ရာ ရှိပါ တယ်။ဒါကြောင့် ခုနလို မင်းကိုနိုင်တို့ငြင်းတယ် ဆိုတာ တကယ်တော့ ဥပဒေနဲ့ မညီဘူး။ ငြင်းပိုင်ခွင့်မရှိဘူး။ လက်ထိတ်ခတ်ခြင်းဟာ လုပ်ပိုင်ခွင့်အရ ဆောင်ရွက်ခြင်းဖြစ်တယ်လို့ ကျွန်တော် ပြောကြားလိုပါတယ်။
နောက်နံပါတ် (၂) မေးခွန်းကတော့ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဖို့အစီအစဉ်ရှိပါသလား။
ဒုတိယမေးခွန်း ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည် ဆက်လက်တွေ့ဆုံဖို့ ရှိဦးမှာလားဆိုတာနဲ့ ပတ်သက်လို့ကတော့ ဒေါ်အောင်ဆန်းစုကြည် ဆက်လက်တွေ့ဆုံဖို့ ရှိဦးမှာလားဆိုတာနဲ့ ပတ်သက်လို့က တော့ ဒေါ်အောင်းစုကြည်အပေါ်မှာပဲ မူတည်ပါတယ်။
နောက်တစ်ခုက ရဲချုပ်ကြီး ရှင်းသွားတဲ့အထဲမှာ NLD လူငယ်တွေ ပါဝင်ပတ်သက်နေတယ်ဆိုတာတွေ့ရပါ တယ်၊ အဲဒါဆိုရင် ၂၀၁၀ မှာဒီပြစ်ချက်တွေနဲ့ NLD ကရွေးကောက်ပွဲ ဆက်လက်ဝင်ရောက်ခွင့်ရှိမလားဆိုတာ သိလိုပါတယ်။
နောက်မေးခွန်းဖြစ်တဲ့ NLD ကို ၂၀၁၀မှာ ရွေးကောက်ပွဲ ဝင်ခွင့်ပြု မပြုဆိုတာနဲ့ ပတ်သက်လို့ကတော့ အတည် ပြုပြဋ္ဌာန်းချက်များနဲ့သော်လည်းကောင်း၊ နောင်မှာ ပြဋ္ဌာန်းပေါ်ပေါက်လာမယ့် နိုင်ငံရေးပါတီဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနဲ့သော်လည်းကောင်း ညီညွတ်တဲ့ နိုင်ငံရေးပါတီတိုင်းဟာ ၂၀၁၀ မှာ ဝင်ရောက်အရွေးခံခွင့် ရကြမှာဖြစ်ပါတယ်။
စဉ်းစားပေးပါတယ်။ အမြဲတမ်းလည်း စဉ်းစားပါတယ်။
တက်ရောက်
်
အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုရေးကောင်စီ သတင်းထုတ်ပြန်ရေးကော်မတီဥက္ကဌ ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်း၊ သတင်းထုတ်ပြန်ရေးကော်မတီဝင်များ ဖြစ်ကြသည့် ယဉ်ကျေးမှုဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်ခင်အောင်မြင့်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မြင့်၊ သတင်းထုတ်ပြန်ရေးကော်မတီအဖွဲ့ဝင်များ၊ အလုပ်သမားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်တင်ထွန်းအောင်၊ စစ်ဥပဒေချုပ် ဗိုလ်ချုပ်စိုးမောင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီ၊ ပြန်ကြားရေးဌာနအောက်ရှိ ဦးစီးဌာန၊ လုပ်ငန်းများမှညွှန်ကြားရေး မှူးချုပ်များနှင့် အထွေထွေမန်နေဂျာများ၊ ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံနိုင်ငံခြား သတင်းထောက်များအသင်း နာယက ဦးလှထွေးနှင့် အသင်းဝင်သတင်းထောက်များ၊ ပြည်တွင်းရှိ ဂျာနယ်၊ မဂ္ဂဇင်းများမှ စာတည်းအဖွဲ့ဝင်များနှင့် သတင်းထောက်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။်
ရှင်းလင်းပြောကြား
ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက ၂၀၀၈ခုနှစ် ဇူလှိုင် ၁ ရက်တွင် ရွှေပြည်သာမြို့နယ် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးအသင်းရုံး ဗုံးပေါက်ကွဲမှုဖြစ်စဉ်နှင့်ဖော်ထုတ်ဖမ်းဆီးရမိမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ကြည့်ရှုလေ့လာ
သတင်းစာရှင်းလင်းပွဲအပြီးတွင် တက်ရောက်လာကြသော ပုဂ္ဂိုလ်များနှင့် ဧည့်သည်တော်များသည် သတင်းစာရှင်းလင်းပွဲ ကျင်းပရာ ခန်းမကြီးအတွင်း ခင်းကျင်းပြသထားသည့် မျိုးဆက်သစ်မဟာမိတ်များအဖွဲ့ [(New Generation For Democracy(NGD)] အား ဖော်ထုတ်ဖမ်းဆီးရမှုနှင့် ရွှေပြည်သာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းရုံး ဗုံးပေါက်ကွဲမှုဖြစ်စဉ် မှတ်တမ်းဓာတ်ပုံများ၊ နာဂစ်လှုပ်ရှားမှုနှင့် အင်တာနက်တွင် တင်ထားသော နိုင်ငံရေးလှုပ်ရှားမှုများအား ကူးယူထားသည့် VCD ခွေများ၊နိုင်ငံရေးနှင့် ပတ်သက်သော စာအုပ်များ၊ နိုင်ငံရေး အန်တုမှုသင်ခန်းစာ၊ဖောက်ခွဲရေးသင်ခန်းစာ၊ ဗကပအထွေထွေအတွင်းရေးမှူး အစီရင်ခံစာ၊ CIA ထုတ် မြို့ပြပြောက်ကျားလုပ်နည်း၊ မြေအောက်လုပ်ငန်းလမ်းညွှန်၊ မြို့တွင်းပြောက်ကျားနှင့် နိုင်ငံရေးဟောပြောမှု စာရွက်စာတမ်းများ၊ NGD အဖွဲ့ဝင်များထံမှ သိမ်းဆည်းရမိသည့် ဖောက်ခွဲရေးသုံးပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို ကြည့်ရှုလေ့လာကြသည်။
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ သတင်းထုတ်ပြန်ရေးကော်မတီ၏ သတင်းစာရှင်းလင်းပွဲ (၁/၂၀၀၈)တွင် တက်ရောက်လာသူများ၊ ပြည်တွင်း ပြည်ပ သတင်းစာဆရာများ၏ မေးမြန်းမှုနှင့် တာဝန်ရှိသူများ၏ ပြန်လည် ရှင်းလင်းဖြေကြားချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-
ဦးလှထွေး(နီကေးသတင်းစာ)
လွန်ခဲ့တဲ့ သောကြာနေ့တုန်းက NLD ပါတီက ကြေညာချက် ထုတ်ပါတယ်။ အဲဒီကြေညာချက်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့အတွက် စားသောက်ဖွယ်ရာ ဈေးဝယ်ဈေးခြင်းပို့တာကို လက်မခံတာ သုံးပတ်ရှိပြီလို့ ပြောပါတယ်။ နောင်ကိုလည်း လက်မခံတော့ဘူးလို့ NLD ပါတီက တရားဝင် ကြေညာပါတယ်။လက်မခံဘဲ အစာငတ်ခံ ဆန္ဒပြနေရတဲ့အကြောင်းကတော့ ပထမအချက် ဥပဒေနဲ့ညီညွတ်ခြင်းမရှိဘဲ သူမကို ဖမ်းဆီးထိန်းသိမ်းထားခြင်း၊ ထို့ပြင် ဥပဒေမှာပါ ပြဌာန်းချက်တွေကို ကျော်လွန်ထိန်းသိမ်းထားခြင်းတို့ကြောင့် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ဒုတိယတစ်ချက်ကတော့ ဆေးကုသခွင့်မရလို့ လို့ဆိုပါတယ်။
တတိယကတော့ ဒေါ်ခင်ဝင်းနဲ့ မသုသုဝေ(ခေါ်)မဝင်းဝင်းမတို့ နှစ်ဦးကိုပါ ထိန်းသိမ်းခံနေရလို့ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီအပေါ်မှာ နိုင်ငံတော်အစိုးရရဲ့ သဘောထား ကျွန်တော်သိချင်ပါတယ်။
နောက်တစ်ခုက နိုင်ငံတော်အစိုးရအနေနဲ့ ခုန NLD က တောင်းဆိုတဲ့ အတိုင်းဘဲ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ အစီအစဉ်ရှိပါသလား။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီ
ဦးလှထွေးမေးတဲ့ မေးခွန်းထဲမှာ အစာငတ်ခံ ဆန္ဒပြတယ်ဆိုတဲ့ ကိစ္စတစ်ခုပါပါတယ်။ ကျွန်တော်တို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီးတော့ သူကိုယ်တိုင်ရဲ့ တောင်းဆိုချက်အရ ရှေ့နေ ဦင်္းကြည်ဝင်းကို သြဂုတ်လ ၈ ရက်နေ့က တစ်ကြိမ်၊ ၁၇ ရက်နေ့က တစ်ကြိမ် ဒေါ်စုကြည်နဲ့ တွေ့ဆုံခွင့်ပေးပါတယ်။ နောက်တစ်ခါ စက်တင်ဘာလ ၁ ရက်နေ့မှာ တစ်ကြိမ်တွေ့ဆုံခွင့်ပေးပါတယ်။ အလားတူပဲ ဒေါ်စုကြည်ရဲ့ ဆရာဝန်ဖြစ်တဲ့ ဒေါက်တာတင်မျိုးဝင်းကိုလည်း သြဂုတ်လ ၁၇ ရက်နေ့က တစ်ကြိမ် ဒေါ်စုကြည်ရဲ့ ကျန်းမာရေးကို ဒေါ်စုကြည်ရဲ့ တောင်ဆိုချက်အရ ကျွန်တော်တို့စစ်ဆေးဖို့ ခွင့်ပြုခဲ့တယ်။ အဲဒီလို လေးကြိမ် တွေ့ဆုံခဲ့ကြသူများက ဒေါ်စုကြည်ရဲ့ တွေ့ဆုံမေးမြန်း မျက်မြင်တွေ့ခဲ့မှုအပေါ် ကျွန်တော်တို့ကို ပြန်လည်သတင်းပို့ရာမှာ ဒေါ်စုကြည်အနေနဲ့ အိမ်ထဲမှာ အစာငတ်ခံ ဆန္ဒပြနေပါတယ်ဆိုတဲ့ ဟာမျိုး ကျွန်တော်တို့ ကိုပြောကြားသွားတာ မရှိကြောင်း ပြောကြားလိုပါတယ်။ဒုတိယအချက်ကတော့ သူမကို ထိန်းသိမ်းထားတာနဲ့ပတ်သတ်ပြီး ကျွန်တော် ဖြေကြားလိုတာကတော့ ကနေ့ နိုင်ငံတော်အစိုးရက ဆောင်ရွက်နေတာ အားလုံးဟာ ဥပဒေနဲ့အညီသာ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်၊ ဥပဒေနဲ့အညီသာ ဆောင်ရွက်နေတာဖြစ်ပါတယ်၊ နောင်လည်း ဥပဒေနဲ့အညီသာ ဆက်လက်ဆောင်ရွက်သွား မှာဖြစ်ပါတယ်။
နိုင်ငံတော်အစိုးရအနေနဲ့ ဒေါ်စုကြည်ကိုလွှတ်ပေးဖို့ အစီအစဉ်ရှိသလားဆိုတာနဲ့ပတ်သတ်လို့လည်း ကျွန် တော်စောစောကပြောသလို ဥပဒေနဲ့အညီသာ ဆောင်ရွက်သွားမှာဖြစ်ပါတယ်လို့ ပြောကြားလိုပါတယ်။
ဦးကိုကို (ယူမီယူရီရှင်ဘွန်း)
နံပါတ် ( ၁ ) မေးခွန်းကတော့ ရန်ကုန်မှာ လုံခြုံရေးတွေ တိုးမြှင့်ချထားတယ်လို့သိရပါတယ်။ ဆူပူလှုပ်ရှားမှု ထပ်ရှိလာနိုင်တဲ့အခြေအနေရှိလို့ လုံခြုံရေးတွေတိုးချထားတာလား၊ အကယ်၍ ရှိမယ်ဆိုရင်ရော သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေနဲ့ လုံခြုံရေးအဖွဲ့အစည်းတွေက ဘယ်လိုဆောင်ရွက်မှာလဲဆိုတာ သိချင်ပါတယ်။နံပါတ် ( ၂ ) အနေနဲ့ကတော့ ရဲချုပ်ကြီး ရှင်းလင်းပြောကြားသွားတဲ့ အထဲမှာ တစ်ဖက်နိုင်ငံရှိ ကျော်ထက်နဲ့ ပတ်သတ်ပြီးတော့ ပါဝင်ပါတယ်။ အဲဒီတော့ သူ့ကိုဘယ်လိုအရေးယူဆောင်ရွက်သွားမှာလဲဆိုတာသိချင်ပါ တယ်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီ
လတ်တလောအခြေအနေမှာ ရန်ကုအပါအဝင် ပြည်နယ်နဲ့အပါအဝင် ပြည်နယ်နှင့်တိုင်း နေရာအနှံ့မှာ ဆူပူလှုပ် ရှားလိုသူတွေဟာ ပြည်တွင်းပြည်ပ ချိတ်ဆက်ပြီးတော့ ဆူပူမှု ဖြစ်အောင် ကြိုးစားနေတဲ့ အထောက်အထား တွေကို ကျွန်တော်တို့မှာ ခိုင်ခိုင်မာမာ ရရှိထားပြီး ဖြစ်ပါတယ်။ ဒါကြောင့်မိုလို့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲတပ် ဖွဲ့အပါအဝင် လုံခြုံရေးတာဝန်ရှိတဲ့ အဖွဲ့အစည်းတွေနေနဲ့ကတော့ တရားဥပဒေစိုးမိုးမှုအောက်မှာ ပြည်သူတွေ အေးအေးချမ်းချမ်း နေနိုင်၊ စားနိုင်၊သွားနိုင်လာနိုင်အောင် အကာအကွယ်ပေးဖို့ ဆောင်ရွက်ထားသလဲဆိုတာ ကတော့ ကျွန်တော်တို့ရဲ့ ဆောင်ရွက်ရမယ့် နည်းလမ်းများအားလုံးနဲ့ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက် ထားကြောင်း ပြောလိုပါတယ်။ကျော်ထက်နဲ့ပတ်သက်လို့ကတော့ Police Procedure အတိုင်း Interpol Channel ကနေပြီးတော့ ဥပဒေအ ကြောင်းအရ အရေးယူနိုင်ရေးအတွက် ဆက်လက် ဆက်သွယ်ဆောင်ရွက်သွားပါမယ်လို့ ဖြေကြားလိုပါတယ်။ဦးကိုကို ( ယူမီယူရီရှင်ဘွန်း )နောက်ဆုံးမေးခွန်းကတော့ NLD အဖွဲ့ဝင်အချို့ဟာ ဆူပူအကြမ်းဖက်လှုပ်ရှားမှုတွေမှာ ပါဝင်ပတ်သက်မှုတွေ ရှိတယ်လို့ ရှင်းလင်းချက်မှာ ပြောသွားပါတယ်။ ဒါကြောင့် နိုင်ငံတော်အစိုးရက NLD ပါတီအပေါ်မှာ အခုဘယ် လိုသဘောထားပါသလဲ၊ နောင်ကော ဘယ်လိုအဘောထားရှိပါမလဲ။
ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းအခုချိန်ထိတော့ အဲဒီလိုပြစ်မှုကျူးလွန်သူတွေကို တစ်ဦးချင်းအလိုက် ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်မှု မျိုးကိုပဲ လုပ်နေပါတယ်။ NLD ပါတီဝင်များအနေနဲ့ ယခုလို ဥပဒေနဲ့ငြှိစွန်းတဲ့ လုပ်ရပ်တွေကို လုပ်လာတာတွေ ဟာ မလုပ်သင့်တဲ့လုပ်ရပ်တွေဖြစ်ပါတယ်။ ပြောရရင် ဥပဒေကို ကျူးလွန်းခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဥပဒေ နဲ့အညီဆောင်ရွက်သွားရမှာပဲလို့ ယူဆပါတယ်။ NLD အပေါ် နောင်ဘယ်လိုသဘောထားမှာလဲဆိုတာနဲ့ ပတ်သတ်လို့ကတော့ NLD ပါတီနဲ့ NLD ပါတီဝင်တွေရဲ့ရှေ့ဆက် ဆောင်ရွက်မှု အပေါ်မှာ မူတည်မှာ
ပဲဖြစ်ပါတယ်။
ဦးငြိမ်းသူ ( မှုခင်းရှုထောင့်ဂျာနယ် )၂၀၀၈ ခုနှစ် အတွင်းရန်ကုန်တိုင်းအတွင်းမှာ ဗုံးပေါက်ကွဲမှု ဘယ်နှစ်ကြိမ်လောက်များ ဖြစ်ခဲ့ပါသလဲ။ မဖြစ်ခင် ကြိုတင်ကာကွယ် တားဆီးမှုများ ဘယ်လိုဆောင်ရွက်ခဲ့ပါသလဲ။ပဲဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီ
ဗုံးပေါက်ကွဲမှု ၂၀၀၈ခုနှစ်အတွင်းမှာ ( ၅ ) ကြိမ်ဖြစ်ခဲ့ပါတယ်။ ကြိုတင်ကာကွယ်တားဆီးမှု ယနေ့အချိန်ထိ(၂) ကြိမ်နဲ့ ဖြစ်ပြီးမှဖော်ထုတ်နိုင်မှု (၁)ကြိမ် ရှိခဲ့ပါတယ်။ ပထမအကြိမ်ကတော့ မတ်လ ၃၀ ရက်နေ့က သင်္ဃန်း ကျွန်း NLD ရဲဇော်ထိုက်က ဒီသင်္ဃန်းကျွန်း NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ခင်စိုးရဲ့ အထောက်အပံ့နဲ့  တစ်ဖက်နိုင်ငံရှိ NLD(LA)ထံမှာ ဖောက်ခွဲရေးသင်တန်းသွားပြီးတော့ တက်ပါတယ်။အဲဒီနောက် ပြည်တွင်းမှာ ဖောက်ခွဲရေးလုပ်ငန်းတွေ လုပ်ဖို့ဆိုပြီး ရန်ကုန်ကို ပြန်လာခဲ့ပါတယ်။အဲဒီလို ရန်ကုန်ကို ပြန်လာတုန်းမှာ ဖောက်ခွဲမယ့် Detonator (၇)ခုနဲ့အတူ ဖမ်းဆီးနိုင်ခဲ့ပါတယ်။နောက်တစ်ကြိမ်ကတော့ စက်တင်ဘာလ ၁ ရက်နေ့က NGDအဖွဲ့ဝင်တစ်ဦးကို သူနေတဲ့ နေအိမ်မှာ ကျွန်တော်တို့ရဲ့ သတင်းပေးတွေ၊ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်ကူညီမှုနဲ့ ဖမ်းဆီးမိပါတယ်။သူ့ကို ဖော်ထုတ်ချက်အရ KNU နဲ့ ABSDF က ပေးပို့တဲ့ နေပြည်တော်ဖောက်ခွဲရေးနဲ့ ကျန်တဲ့လုံခြုံရေးလစ်ဟာမှုရှိတဲ့ နေရာတွေ ဖောက်ခွဲရေးမှာ သုံးဖို့စီစဉ်ထားတဲ့ Detonator ၅၄ ခု၊ ယမ်းကြိုးများ၊ ယမ်းများနဲ့ဆက်စပ် အသုံးပြုတဲ့ ပစ္စည်းများ၊ ချိန်ကိုက်နာရီသုံးလုံးတို့ကို ဖော်ထုတ်ဖမ်းဆီးမိပါတယ်။ဒါတွေက ကြိုတင်ကာကွယ်မှုတွေပါ။ဖြစ်ပြီးမှ ဖော်ထုတ်နိုင်တာကတော့ ကျွန်တော် စောစောက ရှင်းပြခဲ့တဲ့ ဇူလိုင်လ ၁ရက်နေ့က ရွှေပြည်သာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းရုံး ဖောက်ခွဲမှု ဖြစ်ပါတယ်။ဒုတိယမေးခွန်းကတော့ မင်းကိုနိုင်တို့အဖွဲ့ လက်ထိပ်ခတ် မခံနိုင်ဘူး ဆိုတဲ့ကိစ္စပါဘဲ။ ကျွန်တောတို့လည်း ဒီသတင်း နဲ့ပတ်သတ်ပြီး အင်တာနက်မှာဖတ်လိုက်ရပါတယ်။ ဥပဒေကြောင်းအရ ပြောမယ်ဆိုရင် ရဲလက်စွဲ (၁၃၈၁) မှာ တော့ အာမခံပေးနိုင်တဲ့ အမှုဖြစ်စေ၊ အာမခံမပေးနိုင်တဲ့ အမှုဖြစ်စေ ဒီလိုအမှုမျိုးကိုကျူးလွန်တဲ့ ပုဂ္ဂိုလ်ကို တရားရုံးသို့ တရားရင်ဆိုင်ဖို့ ထုတ်တဲ့ အခါမှာ လက်ထိတ်ခတ်ပိုင်ခွင်ရှိတယ်လို့ဖော်ပြထားပါတယ်။ ဒါကြောင့်ဥပဒေနဲ့ညီတယ်လို့ ပြောချင်ပါတယ်။ နောက်တစ်ချက်က ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ( ၁၇၄) မှာလည်း နိုင်ငံဝန်ထမ်းတစ်ဦးကနေပြီးတော့ လိုအပ်လို့ ဆင့်ခေါ်တဲ့ အခါမျိုးမှာ လက်ထိတ်ခတ်ဖို့ငြင်းဆန်မှု ဟာ ပြစ်မှုဆိုင်ရာ (၁၇၄) ကိုချိုးဖောက်ရာကျပါတယ်။ ပြစ်ဒဏ်အနေနဲ့ (၆)လလောက်ပြစ်ဒဏ်ချခံဖွယ်ရာ ရှိပါ တယ်။ဒါကြောင့် ခုနလို မင်းကိုနိုင်တို့ငြင်းတယ် ဆိုတာ တကယ်တော့ ဥပဒေနဲ့ မညီဘူး။ ငြင်းပိုင်ခွင့်မရှိဘူး။ လက်ထိတ်ခတ်ခြင်းဟာ လုပ်ပိုင်ခွင့်အရ ဆောင်ရွက်ခြင်းဖြစ်တယ်လို့ ကျွန်တော် ပြောကြားလိုပါတယ်။
ဦးအောင်လှထွန်း (ရိုက်တာသတင်းဌာန)
မြန်မာ့နိုင်ငံရေး တိုးတက်မှုရရှိအောင် UN ကဝင်ရောက်ဆောင်ရွက်ပေးတဲ့ နေရာမှာ Mr. Gambari ရဲ့အခန်းကဏ္ဍကို ဘယ်လိုများ သုံးသပ်မိပါသလဲ။ သူ့ရဲ့အခန်းကဏ္ဍက ပြီးဆုံးသွားပြီးလား။ အကယ်၍ သူနောက်ထပ်များ ပြန်လာရင် သူ့ကိုခွင့်ပြုဖို့ အစီအစဉ်ရှိပါသေးလား။နောက်နံပါတ် (၂) မေးခွန်းကတော့ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဖို့အစီအစဉ်ရှိပါသလား။
ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်း
ပထမမေးခွန်းနဲ့ပတ်သက်လို့ကတော့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးရဲ့ အကျိုးဆောင်မှုကဏ္ဍ ရှိနေ သေးသ၍ ကျွန်တော်တို့ဘက်က ကုလသမဂ္ဂ နဲ့ရော Mr.Gambari နဲ့ပါပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။ဒုတိယမေးခွန်း ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည် ဆက်လက်တွေ့ဆုံဖို့ ရှိဦးမှာလားဆိုတာနဲ့ ပတ်သက်လို့ကတော့ ဒေါ်အောင်ဆန်းစုကြည် ဆက်လက်တွေ့ဆုံဖို့ ရှိဦးမှာလားဆိုတာနဲ့ ပတ်သက်လို့က တော့ ဒေါ်အောင်းစုကြည်အပေါ်မှာပဲ မူတည်ပါတယ်။
ဦးကျော်စွာမင်း ( Flower News ဂျာနယ်)
၂၀၁၀ မှာလုပ်မယ့် ရွေးကောက်ပွဲအတွက်ကို အခုလက်ရှိဘယ်လိုများဆောင်ရွက်နေပြီလဲဆိုတာ သိချင်ပါ တယ်။နောက်တစ်ခုက ရဲချုပ်ကြီး ရှင်းသွားတဲ့အထဲမှာ NLD လူငယ်တွေ ပါဝင်ပတ်သက်နေတယ်ဆိုတာတွေ့ရပါ တယ်၊ အဲဒါဆိုရင် ၂၀၁၀ မှာဒီပြစ်ချက်တွေနဲ့ NLD ကရွေးကောက်ပွဲ ဆက်လက်ဝင်ရောက်ခွင့်ရှိမလားဆိုတာ သိလိုပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်း
၂၀၁၀ ပါတီဆုံရွေးကောက်ပွဲအတွက် ပြင်ဆင်မှုများကို အားလုံးအတွက် အချိန်မီဆောင်ရွက်နိုင်အောင်သက် ဆိုင်ရာ တာဝန်ရှိတဲ့သူတွေက ဆောင်ရွက်လျက်ရှိပါတယ်။နောက်မေးခွန်းဖြစ်တဲ့ NLD ကို ၂၀၁၀မှာ ရွေးကောက်ပွဲ ဝင်ခွင့်ပြု မပြုဆိုတာနဲ့ ပတ်သက်လို့ကတော့ အတည် ပြုပြဋ္ဌာန်းချက်များနဲ့သော်လည်းကောင်း၊ နောင်မှာ ပြဋ္ဌာန်းပေါ်ပေါက်လာမယ့် နိုင်ငံရေးပါတီဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနဲ့သော်လည်းကောင်း ညီညွတ်တဲ့ နိုင်ငံရေးပါတီတိုင်းဟာ ၂၀၁၀ မှာ ဝင်ရောက်အရွေးခံခွင့် ရကြမှာဖြစ်ပါတယ်။
ဦးကျော်စွာမင်း ( Flower News ဂျာနယ်)
အခု ရဲမှုခင်းတွေ ဖော်ထုတ်နေတဲ့နေရာ Media အပိုင်းတွေက အရမ်းအရေးကြီးပါတယ်။ အပြန်အလှန်ဆက် စပ်မှုလည်းလိုတယ်။ ဒါကြောင့်မိုလို့ ရန်ကုန်နဲ့ မန္တလေးတို့မှာ ရဲတပ်ဖွဲ့ကနေပြီးတော့ Media အဖွဲ့တွေနဲ့နေ့ တိုင်း (သို့) တစ်ပတ်တစ်ခါ မှုခင်းတွေအကြောင်း ရှင်းလင်းပွဲတွေလုပ်ပေးဖို့ အစီစဉ်များရှိပါသလား။မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီ
Media ပိုင်းနဲ့က အပြန်အလှန်ဆက်စပ်မှု သဘောပေါက်ပါတယ်။ ဆောင်ရွက်ဖို့လည်းရှိပါတယ်။ လောလော ဆယ်တော့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းနိုင်ကို Focal Point မှာစီမံလေ့ကျင့် ဌာနက ညွှန်ကြားရေး မှူး ရဲမှူးကြီးဝင်းခေါင် ဖြစ်ပြီး မန္တလေးမှာတော့ ဒုရဲကြီးမှူးကြီး အောင်နိုင်ဦးကို တာဝန် ပေးထားပါတယ်။ အဲဒီ ပုဂ္ဂိုလ်များနဲ့ ဆက်စပ်ပြီးဆောင်ရွက်သွားနိုင်ပါတော့တယ်။ လောလောဆယ်တော့ ထူးခြားဖြစ်စဉ်တွေ ဖြစ်လာတယ် ဆိုရင် ကျွန်တော်တို့သတ်မှတ်ပေးတဲ့ Focal Point မှာပဲ သတင်းယူတဲ့ လုပ်ငန်းမျိုးဆောင်ရွက် နိုင်ကြောင်း ဖြေကြားလိုပါတယ်။ဦးဝင်းအောင် (Eco Vision ဂျာနယ်)
ကျွန်တော်တို့ဂျာနယ်က သတင်းထောက် မအိမ့်ခိုင်ဦး ထိန်းသိမ်းခံရတာ (၃)လခန့်ရှိပါတယ်။ အဲဒါနဲ့ပတ်သက် ပြီးတော့ အခြေအနေသိချင်ပါတယ်။မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီ
ဖမ်းဆီးထိန်းသိမ်းစစ်ဆေးမှုတွေအားလုံး ကတော့ ကိုယ်တိုင် သော်လည်းကောင်း(သို့) ပါဝင်ဆက်စပ်မှု ကြောင့် သော်လည်ကောင်း သက်ဆိုင်တဲ့ ဥပဒေနဲ့အညီ ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီကိစ္စအားလုံးက On Going Case တွေဖြစ်ပါတယ်။ ဆောင်ရွက်ဆဲ လုပ်ငန်းတွေ ဖြစ်ပါတယ်။ဒေါက်တာ ဇော်သန်း (ဆန်ကေရှင်ဘွန်း)
နိုင်ငံခြားသတင်းထောက်တွေရဲ့ Bureau Chief တွေ အားလုံးက ဗန်ကောက်မှာရှိကြပါတယ်။ သူတို့အနေနဲ့ မြန်မာပြည်ကို ရောက်ဖူးချင်ကြပါတယ်။ အဲဒါကြောင့် ပြည်ဝင်ခွင့်ဗီဇာကို နောက်တစ်နှစ်လောက်အတွင်းမှာ ပေါ့လေ ဝန်ကြီးတို့အနေနဲ့ စဉ်းစားပေးပါလို့ တင်ပြချင်ပါတယ်။ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်း
ဦးလှထွေး (နီကေးသတင်းဌာန)
ဖြစ်နိုင်ရင် သတင်းစာရှင်းလင်းပွဲတွေကို ရန်ကုန်နဲ့ နေပြည်တော် တစ်လှည့်စီ Alternate လေးလုပ်ပေးဖို့ မေတ္တာရပ်ခံပါတယ်။ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်း
ဦးလှထွေး ဆွေးနွေးသွားတာကို ကျွန်တော်တို့ မှတ်သားထားပါမယ်။ဦးအောင်လှထွန်း (ရိုက်တာ သတင်းဌာန)
ရွေးကောက်ပွဲဆိုက်ရာဥပဒေကို ဘယ်အချိန်မှာ ထုတ်ပြန်ဖို့ ရှိပါသလဲ။ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်း
အားလုံးအတွက် အချိန်မီဆောင်ရွက်နိုင်စေဖို့သက်ဆိုက်ရာက စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြား အပ်ပါတယ်။ ။
Posted by အမှန်မြင်ဖို့ at Tuesday, September 9, 2008
Labels: ပြည်တွင်းသတင်း
0 comments:
Post a Comment