
ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ဒုတိယ ဥက္ကဋ္ဌများ ဖြစ်ကြသည့် ဦးဇော်မင်းဝင်းနှင့် ဦးအောင်လွင်တို့အား ပြည်ထောင်စုမြန်မာနိုင်ငံတော်ဆိုင်ရာ အင်ဒိုနီးရှား သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Sebastianus Sumarsono သည် ယနေ့မွန်းလွဲပိုင်းတွင် အသင်းချုပ်ရုံးသို့ လာရောက်တွေ့ဆုံပြီး နှစ်နိုင်ငံအပြန်အလှန် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်နိုင်ရေး၊ အကျိုးတူစီးပွားရေးလုပ်ငန်းများတွင် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေး၊ စီးပွားကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့များ အပြန်အလှန်စေလွှတ်နိုင်ရေးနှင့် အောက်တိုဘာ ၂၁ရက်မှ ၂၅ရက်အထိ အင်ဒိုနီးရှား သမ္မတနိုင်ငံ ဂျကာတာမြို့၌ ကျင်းပမည့် The 23rd Trade Expo Indonesia သို့ မြန်မာစီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ပါဝင် ပြသရေးကိစ္စတို့ကို ဆွေးနွေးကြကြောင်း သတင်းရရှိသည်။
0 comments:
Post a Comment