နိုင်ငံတော်က ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အ၀ပေးနိုင်ရန် အမျိုးသားကျန်းမာရေး နှစ်ရှည် စီမံကိန်းကို ချမှတ် ဖော်ဆောင်လျက်ရှိသည်။
နိုင်ငံတော်အစိုးရသည် ဆေးပညာ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးနှင့် အရည်အသွေးပြည့်ဝသည့် ကျန်းမာရေးဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးအတွက် ဆေးတက္ကသိုလ်များ၊ ကျန်းမာရေးဆိုင်ရာ တက္ကသိုလ်များ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
ယင်းသို့ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို တိုးမြှင့်ဖော်ဆောင်ရာတွင် နယ်စပ်ဒေသများပါမကျန် လွှမ်းခြုံဆောင်ရွက်လျက် ရှိပေသည်။
ရောဂါ ကြိုတင်ကာကွယ်ရေးပိုင်းသည် အရေးကြီးသော အချက်ဖြစ်ရာ အခြေခံဒေသများဖြစ်သည့် ကျေးလက် အစွန်အဖျားဒေသများတွင် ဒေသခံတိုင်းရင်းသားများအား ကျန်းမာရေးအသိအမြင် ပြည့်စုံရန် အသိပညာပေး လုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော်ခဲ့သည်။
တိုင်းရင်းသားပြည်သူတို့ ကျန်းမာကြံ့ခိုင်စေရန် ကျန်းမာရေးမြှင့်တင်မှု လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်လျက်ရှိရာမှာ ကျန်းမာရေး ၀န်ထမ်းများသည် ကျရာအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။
လူတိုင်း သက်တမ်းစေ့နေထိုင်ရေးနှင့် ရောဂါကင်းဝေးရေး ရည်မှန်းချက်နှင့်အညီ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ ကျန်းမာရေးမြှင့်တင်မှု လုပ်ငန်းများကို ပြည်သူတစ်ရပ်လုံး ၀ိုင်းဝန်းပါဝင် ဆောင်ရွက်ကြရမည် ဖြစ်သကဲ့သို့ လူတိုင်း ကျန်းမာကြံ့ခိုင်ပြီး ပညာရည်မြင့်မားနေမှ နိုင်ငံ၏ ဖွံ့ဖြိုးရေးလုပ်ငန်း များကို အင်တိုက်အားတိုက် စွမ်းဆောင်နိုင်မည ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။