ပြည်ထောင်စု မြန်မာနိုင်ငံတော် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်သည် မြန်မာနိုင်ငံ၌ရောက်ရှိနေသည့် ဂျပန်နိုင်ငံ DPJ ပါတီမှ အထက်လွှတ်တော်အမတ်နှင့် မြန်မာ-ဂျပန်ချစ်ကြည်ရေးပါလီမန်အဖွဲ့ချုပ်ဥက္ကဌ Mr. Hideo Watanabe နှင့်အဖွဲ့ဝင်များအား ယနေ့ညနေ ၄နာရီတွင် နေပြည်တော်ရှိ အစိုးရအဖွဲ့ရုံးခန်းမ၌ လက်ခံတွေ့ဆုံသည်။(အပေါ်ပုံ)
တက်ရောက်
ထိုသို့လက်ခံတွေ့ဆုံရာတွင် နိုင်ငံတော်ဝန်ကြီးချုပ် သိန်းစိန်နှင့်အတူ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန် ကြီးဌာန ၀န်ကြီးဗိုလ်ချုပ်ဌေးဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီးဦးဥာဏ်ဝင်း ၊လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၀န်ကြီးဗိုလ်ချုပ်မောင်မောင်ဆွေ အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှုးချုပ် ဗိုလ်မှူးကြီးသန့်ရှင်းနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်တို့ တက်ရောက်ကြပြီး ဂျပန်နိုင်ငံ ဗိုလ်မှူးကြီး DPJ ပါတီမှ အထက်လွှတ်တော်အမတ်နှင့် မြန်မာ-ဂျပန်ချစ်ကြည်ရေးပါလီမန်အဖွဲ့ချုပ်ဥက္ကဌ Mr. Hideo Watanabe နှင့်အဖွဲ့ဝင်များနှင့်အတူ ပြည်ထောင်စုမြန်မာနိုင်ငံတော်ဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး Mr. Yasuaki NOGAWA လည်းတက်ရောက်သည်။

လေဘေးသင့်ဒေသများရှိ ဥပဒေရုံးများ ရှေ့နေချုပ် ဦးအေးမောင် ကြည့်ရှုစစ်ဆေး

ရှေ့နေချုပ် ဦးအေးမောင်သည် ရှေ့နေချုပ်ရုံး(နေပြည်တော်)မှ ညွှန်ကြားရေးမှူးချုပ် ဦးတင်မြင့်လိုက်ပါလျက် ဇူလိုင် ၅ရက်မှ ၇ရက်အတွင်း ရန်ကုန်တိုင်းရှိ ကော့မှူးနှင့် ကွမ်းခြံကုန်းမြို့နယ်များ၊ ဧရာဝတီတိုင်းရှိ ဒေးဒရဲ၊ ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ်၊ မအူပင်၊ ပုသိမ်၊ မြောင်းမြနှင့် လပွတ္တာမြို့နယ်များရှိ ဥပဒေရုံးများသို့ လှည့်လည်ကြည့်ရှု စစ်ဆေးရာ ရန်ကုန်တိုင်း ဥပဒေအရာရှိ ဦးဇေယျ၊ ဧရာဝတီတိုင်း ဥပဒေအရာရှိ ဦးမြင့်ဝင်းနှင့် တာဝန်ရှိပုဂ္ဂိုလ်များက လေဘေးသင့်ရုံးများကို ပြန်လည်ပြုပြင် ဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ ရုံးလုပ်ငန်းများ ပုံမှန်ဆောင်ရွက် လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ရှေ့နေချုပ်က လိုအပ်သည်များကို မှာကြား၍ လေဘေးသင့် ဥပဒေရုံးများမှ ၀န်ထမ်းမိသားစုများအတွက် ထောက်ပံ့ငွေများကို ပေးအပ်ချီးမြှင့်ကာ ၀န်ထမ်းမိသားစုများအား တွေ့ဆုံအားပေး စကားပြောကြားသည်။
ရှေ့နေချုပ်သည် ဇူလိုင် ၈ ရက်တွင် ရှေ့နေချုပ်ရုံးခွဲ(ရန်ကုန်) ရန်ကုန်တိုင်း ဥပဒေရုံး၊ ရန်ကုန်တိုင်းအတွင်းရှိ ခရိုင်နှင့် မြို့နယ် ဥပဒေရုံးများမှ တာဝန်ခံ ဥပဒေအရာရှိများအား တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများကို မှာကြားကြောင်း သတင်းရရှိသည်။