အမှတ်(၂)စက်မှုဝန်ကြီးဌာနမှ မုန်တိုင်းသင့်ဒေသများအတွက် ငွေကျပ်သိန်း ၁၅၀ တန်ဖိုးရှိ ရေနံဆီ၊ဒီဇယ်ဆီ မီးဖိုးအလုံး ၁၀၀၀ လှူဒါန်း
မုန်တိုင်းသင့် ပြည်သူများအတွက် စေတနာရှင်၊အလှူရှင်များက နေ့စဉ်လှူဒါန်းလျက်ရှိရာ ဇူလိုင် ၁ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် စွယ်တော်မြတ်စေတီအနီးရှိ မီးသတ်ဦးစီးဌာန (ရုံးချုပ်) မေခလာခန်းမသို့ အမှတ်(၁)စက်မှုဝန်ကြီးဌာနက တတိယအကြိမ်အဖြစ် ငွေကျပ်သိန်း ၁၅၀ တန်ဖိုးရှိ ရေနံဆီ၊ဒီဇယ်ဆီ မီးဖိုအလုံး ၁၀၀၀ ကို မြန်မာ့စက်ကရိယာနှင့် လျှပ်စစ်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်း အထွေထွေမန်နေဂျာ ဦးကိုကိုကြီးက လာရောက်ပေးအပ်လှူဒါန်းရာ အမျိုးသားသဘာဝဘေးကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီအတွင်းရေးမှူး၊မုန်တိုင်းသင့်ဒေသများအတွက် အလှူငွေနှင့် ပစ္စည်းများ လက်ခံရေးနှင့် ကြီးကြပ်ရေးအဖွဲ့ ဥက္ကဌလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်မောင်မောင်ဆွေ၊ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်မြင့်နှင့် တာဝန်ရှိသူများက လက်ခံကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားကြောင်း သတင်းရရှိသည်။
0 comments:
Post a Comment