အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ်ဇော်မင်းနှင့်ဇနီး ဒေါ်ခင်မိမိတို့အား အမှူးထား၍ အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ထမ်းမိသားစုများ၏ တတိယအ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် ၉နာရီက နေပြည်တော်ရှိ အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီးရုံးစုပေါင်းခန်းမ၌ ကျင်းပသည်။ အဆိုပါလှူဒါန်းပွဲသို့ နေပြည်တော် ပျဉ်းမနား စူဠာမဏိ ရန်အောင်မြင်ကျောင်း ဆရာတော် ဘဒ္ဒန္တ အာဒိစ္စ၀ံသ အမှူးပြုသော ရေစက်ကျောင်း၊ ပံ့သကူကျောင်း၊ ယောက်သွားအင်းကျောင်း၊ ရွှေအိုးဘိုကျောင်းတို့မှ ဆရာတော် သံဃာတော်များ ကြွရောက်တော်မူကြပြီး အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ် ဇော်မင်းနှင့်ဇနီး ဒေါ်ခင်မိမိ ၊ ဒုတိယ၀န်ကြီး ဦးမျိုးမြင့်၊ အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ ၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ ၊ ၀န်ထမ်မိသားစုများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြည်ညိုကြသည်။