မိဘတို့၏ မေတ္တာဂုဏ်ရည် ဟောပြောပွဲကျင်းပ
ရန်ကုန်တိုင်း ဗဟန်းမြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီကကြီးကြပ်၍ အောင်စည်းစိမ်ကျောက်မျက်ကုမ္ပဏီ၏စီစဉ်မှုဖြင့် ကျေးဇူးကြီးလှ မိနှင့်ဖတို့၏ မေတ္တာဂုဏ်ရည် ပူဇော်ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီတွင် အ-ထ-က(၁)ဗဟန်း၌ကျင်းပရာ အမျိုးသားစာပေဆုရ စာရေးဆရာကြီး မင်းယုဝေ၊ အမျိုးသားစာပေဆုရ စာရေးဆရာကြီး လယ်တွင်းသားစောချစ်၊ လူငယ်ဆရာဝန် စာရေးဆရာမ ဒေါက်တာနိုက်တင်ဂေးလ်(ခ)ယဉ်မင်းဦး(ဆေးတက္ကိသိုလ်) တို့က ဟောပြောကြသည်။
အခမ်းအနားတွင် အလှူရှင် မန်နေးဂျင်းဒါရိုက်တာ ဦးအောင်ကြီးက ကျောင်းရန်ပုံငွေအတွက် အလှူငွေကျပ် ၅၀၀၀၀၊စာရေးဆရာမ ဒေါက်တာနိုင်တင်ဂေးလ်(ခ)ယဉ်မင်းဦး(ဆေးတက္ကသိုလ်)က ကျောင်းစာကြည့်တိုက်အတွက် မီးအိမ်ရှင် စာအုပ်တိုက်မှ ထုတ်ဝေဖြန့်ချီခဲ့သော စာအုပ်များကို ကျောင်းအုပ်ဆရာမကြီး ဒေါက်တာနွယ်နီလွင်ထံသို့ ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

အ ထ က ( ၁ ) ဗဟန်း အကြောင်းပါတဲ့ သတင်း နဲ့ ဓါတ်ပုံ ဖေါ်ပြပေးတာ အရန်းပဲ ကျေးဇူးတင်ပါတယ် . ကျွန်တော် ကျောင်းကို အရမ်းသတိရ လို့ အင်တာနက်မှာ ရှာကြည့်လိုက်တဲ့ အချိန်မှာ ဒီ အကြောင်းနဲ့ ဓါတ်ပုံကို ကြည့်ခွင့်ရတဲ့အတွက် တကယ်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ် ..
bogyi said...