ဧရာဝတီတိုင်း ပုသိမ်မြို့သို့ ရောက်ရှိနေသော အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်သည် ဧရာဝတီတိုင်း အေးချမ်းသာယာရေးနှင့်ဖွံဖြိုးရေးကောင်စီဥက္ကဋ္ဌ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ကျော်ဆွေ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အစိုးရအဖွဲ့ရုံးညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့မှ ရဟတ်ယာဉ်များဖြင့်ထွက်ခွာပြီး မော်လမြိုင်ကျွန်းမြို့နယ် ကျားဟုန်းကျေးရွာသို့ နံနက် ၈ နာရီ မိနစ် ၄၀ တွင်ရောက်ရှိကြသည်။
နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား မော်လမြိုင်ကျွန်းမြို့နယ် လေဘေးသင့်ဒေများ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲနေသော နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီးသိန်းညွန့်နှင့် တာဝန်ရှိသူများ၊ ဒေသခံများက ကျားဟုန်းကျေးရွာမှ ကြိုဆို နှုတ်ဆက်ကြသည်။
နိုင်ငံတော်ဝန်ကြီးချုပ်သည် ကျေးရွာဒေသခံပြည်သူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီး ကျန်းမာရေး၊ နေထိုင်စားသောက်ရေးအခြေအနေများ ၊ ပံ့ပိုးပစ္စည်းများရရှိမှုနှင့် အသက်မွေးဝမ်းကျောင်းအလိုက် အလုပ်အကိုင်များ လုပ်ကိုင်နေမှုအခြေအနေတို့ကို မေးမြန်းပြီး လိုအပ်သည်များကို ပံ့ပိုးဆောင်ရွက်ပေးသည်။
ဆက်လက်၍ နိုင်ငံတော်ဝန်ကြီးချုပ်သည် ကျေးရွာအတွင်းလှည့်လည်၍ ဆက်တင်ပစ္စည်းများ၊ ဒေသန္တရပစ္စည်းများဖြင့် တဲများဆောက်လုပ်နေထိုင်မှု၊ ပံ့ပိုးသောငါးဖမ်းပိုက်များနှင့် ဆယ်တင်ပိုက်များဖြင့် ပြန်လည်လုပ်ကိုင်နေမှုကို စစ်ဆေးပြီး လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်းပေးသည်။
ယင်းနောက်နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျားဟုန်းမြစ်အတွင်း ရေယာဉ်ဖြင့်လှည့်လည်၍ မြစ် ဝဲ၊ ယာရှိ လယ်မြေများ မိုးစပါးစိုက်ပျိုးရန် ထွန်ယက်နေမှု၊ ပျိုးကြဲနေမှု ၊ စိုက်ပျိုးပြီးစီးနေမှုတို့ကိုလည်ကောင်း၊ ရေယာဉ်များပုံမှန်ပြေးဆွဲနေမှု၊ ဒေသနေပြည်သူများ ရောင်းဝယ်ကူးသန်းနေမှု၊ ငါးဖမ်းလုပ်ငန်းများ ဆောင်ရွက်နေမှု တို့ကိုလှည့်လည်ကြည့်ရူသည်။
ထို့နောက် ဆိပ်ကမ်း၌ ဆိုက်ကပ်ထားသော မော်လမြိုင်ကျွန်း-ရန်ကုန်ခရီးသည်တင် ရတနာကြည် ရေယာဉ်ပေါ်၌ ဒေသ၏လယ်ယာစိုက်ပျိုးရေးအတွက် ဖြန့်ဝေပေးမည့် လယ်ယာသုံးစက်ကိရိယာများကြည့်ရူ စစ်ဆေးပြီး ရာသီချိန်မီ ထွန်ယက်နိုင်ရေးအတွက် အမြန်ဆုံးစီမံ
ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားသည်။
ယင်းနောက်ဝန်ကြီးချုပ်သည် ကျေးရွာအတွက်ထောက်ပံ့ရေးပစ္စည်းများကို မော်လမြိုင်ကျွန်းမြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများထံ ပေးအပ်သည်။
ထို့နောက် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျားဟုန်းကျေးရွာမှ ရဟတ်ယာဉ်များဖြင့် ထွက်ခွာလာပြီး လမ်းခရီးတလျှောက် မိုးစပါးစိုက်ပျိုးရန် ထွန်ယက်နေမှု၊ ပျိုးကြဲနေမှု ၊ စိုက်ပျိုးပြီးစီးနေမှု တို့ကို ကြည့်ရူစစ်ဆေးပြီး နံနက် ၁၀ နာရီ မိနစ် ၂၀ တွင် ဖျာပုံမြို့သို့ရောက်ရှိပြီး လေဘေးသင့်ဒေများ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲနေသော ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီးဗိုလ်ချုပ်စိုးနိုင်နှင့်တာဝန်ရှိသူများကြိုဆို နှုတ်ဆက်ကြသည်။
ဆက်လက်၍ ဝန်ကြီးချုပ်သည် ဖျာပုံမြို့ ပုံမှန်အတိုင်းပြန်လည်စည်ကားနေမှုအခြေအနေများကို မော်တော်ယာဉ်များဖြင့် ကြည့်ရူစစ်ဆေးသည်။
ယင်းနောက် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဖျာပုံမြို့ရှိ ဆရာဇော်ဂျီ စာကြည့်တိုက်ခန်းမသို့ ရောက်ရှိကြရာ ဖျာပုံမြို့နယ်နှင့် ကျိုက်လတ်မြို့နယ်အတွင်းလေဘေးသင့်ဒေများ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲနေသော ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီးဗိုလ်ချုပ်စိုးနိုင်က ဖျာပုံမြို့နယ်နှင့် ကျိုက်လတ်မြို့နယ်၏ လေဘေးသင့်ဒေများ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။ တင်ပြချက်များနှင့်ပတ်သတ်၍ ဝန်ကြီးချုပ်က ဆက်စပ်ဝန်ကြီးများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဖျာပုံမြို့နယ် အုန်းပင်ကျေးရွာရှိ လေဘေးထူထောင်ရေးလုပ်ငန်းအတွက် မွေးမြူရေးနှင့်ရေလုပ်ငန်းဦးစီးဌာန၏ လှေတည်ဆောက်ရေး အဆောက်အဦးသို့ရောက်ရှိပြီး ငါးဖမ်းလှေများတည်ဆောက်နေမှု၊ အင်ဂျင်စက်များနှင့် စက်အထိုင်ပစ္စည်းများကို လည်ကောင်း ၊ တည်ဆောက်ပြီးစက်လှေများ၊ ငါးဖမ်းပိုက်များနှင့် ပိုက်ပစ္စည်းများကို လှည့်လည်ကြည့်ရူစစ်ဆေးရာ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန ဝန်ကြီးဗိုလ်မှူးချုပ် မောင်မောင်သိမ်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီး ဗိုလ်ချုပ်စိုးနိုင်နှင့်  မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဌေးမြင့်တို့က လိုက်လံရှင်းလင်းပြကြသည်။
ယင်းနောက် ဖျာပုံမြို့နယ် လေဘေးသင့်ပြည်သူများအတွက် ငါးဖမ်းစက်လှေများ ၊ ငါးဖမ