လေဘေးသင့်ပြည်သူများအတွက် ပြည်တွင်း/ပြည်ပ စေတနာရှင်၊ အလှူရှင်များက အလှူငွေများကို ဆက်လက်လှူ ဒါန်း လျက်ရှိရာ ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် (ရန်ကုန်ရုံးခွဲ) အလှူငွေလက်ခံရာဌာနသို့ လာရောက်လှူဒါန်းကြသော အလှူငွေများကို ဘဏ္ဍာငွေ လက်ခံရေးနှင့် ထုတ်ပေးရေးဆပ်ကော်မတီ ဥက္ကဌ ၊ဘဏ္ဍာရေးနှင့် အခွန် ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးကြီးလှသိန်းဆွေ ကိုယ်စား မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဌ ဦးမောင်မောင်ဝင်းက လက်ခံသည်။
ဇူလိုင် ၂၃ရက်တွင် လှူဒါန်းကြသော အလှူရှင်များမှာ ဗိုလ်မှူးကြီးတင်ရွှေ(ငြိမ်း) နှင့် ဒေါ်ငွေယဉ် မိသားစု (ပဲခူးကလပ်ရိပ်သာ ပြည်လမ်း ရန်ကုန်မြို့)က ငွေကျပ် တစ်သိန်း၊ ကောင်းမြတ် ကုမ္ပဏီဝန်ထမ်းများက ငွေကျပ်နှစ်သိန်း ဦးမောင်မောင်နှင့် ဒေါ်ခင်ခင်ကြီး မိသားစု ပါရမီ(မရမ်းကုန်းမြို့နယ်) က ဓာတ်မြေသြဇာနှစ်အိတ်အတွက် ငွေကျပ် ၃၆၀၀၀တို့ဖြစ်သည်။
ဇူလိုင် ၂၄ ရက်တွင် လှူဒါန်းကြသော အလှူရှင်များမှာ ကွယ်လွန်သူ ဦးတင်ရှိန်အားရည်စူး၍ ဇနီး ဒေါ်ကြည်ကြည်အား သားသမီးမြေး မိသားစုက လူနေအိမ် တစ်လုံးအတွက် ငွေကျပ်ခြောက်သိန်း ၊U Kyaw Naing Oo &Friends Confectionery Kualalumpu, Malaysia က ငွေကျပ်နှစ်သိန်း ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်က ငွေကျပ် ၆၅၁၂၉၀၀၀၊ Mr. Mamoj Ghopra & Mr. Poola, U.S.A ကလူနေအိမ်တစ်လုံးအတွက် ငွေကျပ်ခြောက်သိန်း ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) မှ အလှူရှင်များက အမေရိကန် ဒေါ်လာ ၃၀၀တို့ဖြစ်သည်။
ဇူလိုင် ၂၃ရက်နှင့် ၂၄ရက်များတွင် လက်ခံရရှိသည့် အလှူငွေစုစုပေါင်းမှာ ငွေကျပ် ၂၃၈၄၆၅၀၀၀ နှင့် အမေရိကန်ဒေါ်လာ ၃၀၀တို့ဖြစ်ကြောင်း သတင်းရရှိသည်။