နိုင်ငံတော်ဝန်ကြီးချုပ် မော်လမြိုင်ကျွန်းမြို့နယ် ငါးဖမ်းစက်လှေနှင့် ငါးဖမ်းပိုက်များ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်








အမျိုးသားသဘာဝဘေး ကာကွယ်စောက်ရှောက်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် နှင့်အဖွဲ့သည် မော်လမြိုင်ကျွန်းမြို့နယ်သို့ ငါးဖမ်းစက်လှေနှင့် ငါးဖမ်းပိုက်များ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ကြရာ နယ်စပ်ဒေသနှင့် တိုင်ရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီးသိန်းညွန့် နှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများကကြိုဆိုနှုတ်ဆက်ကြသည်။ဆက်လက်၍ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရဟတ်ယာဉ်များဖြင့် ဘိုကလေးမြို့မှ ထွက်ခွာကြပြီး ဘိုကလေး-ကြိမ်ချောင်း-ကဒုံကနိလမ်း ၃၉မိုင်၏ ဘိုကလေး-ကြိမ်ချောင်းလမ်းပိုင်းကို စက်ယန္တရားများအသုံးပြု၍ ဖောက်လုပ်မှုအခြေအနေကို ကြည့်ရှုစစ်ဆေးကာ နံနက် ၁၀နာရီခွဲတွင် ကြိမ်ချောင်းကြီး စံပြကျေးရွာသို့ ရောက်ရှိကြသည်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကဒုံကနိကျေးရွာ၌ လေဘေးသင့်ပြည်သူများအတွက် CB bank ဥက္ကဋ္ဌ ဦးခင်မောင်အေးလှူဒါန်း၍ ဒဂုံအင်တာနေရှင်နယ် ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူ ဆောက်လုပ်သော ဆောက်လုပ်ပြီးနေအိမ်များတွင် နေရာချထားပေးပြီးသော လေဘေးသင့်မိသားစုများ လုပ်ကိုင်စားသောက်မှုအခြေအနေတို့ကို ရင်းရင်းနှီးနှီး မေးမြန်း၍ နိုင်ငံတော်ဝန်ကြီးချုပ်က တစ်ပိုင်တစ်နိုင်စိုက်ပျိုးရန် ဟင်းသီးဟင်းရွက်မျိုးစေ့ထုတ်များ၊ လက်သုံးကိရိယာများနှင့် လက်ပစ်ပိုက်ကွန်များကို ထောက်ပံ့ပေးအပ်သည်။
0 comments:
Post a Comment