မြန်မာနိုင်ငံ၌ ကျရောက်ခဲ့သည့် နာဂစ်မုန်တိုင်းအပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး ဆန်းစစ်အကဲဖြတ်ရေးဆိုင်ရာ အစီရင်ခံစာ တရားဝင်ထုတ်ပြန်

ရှေးဦးစွာ သုံးပွင့်ဆိုင်ဗဟိုအဖွဲ့ ဥက္ကဋ္ဌ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်သူ၊ သုံးပွင့်ဆိုင်ဗဟိုအဖွဲ့၏ အဆင့်မြင့်အာဆီယံတာဝန်ခံ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသမ္မတနိုင်ငံ သံအမတ်ကြီး Mr.Robert Chua Hian Kong ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ် (UNDP) ဌာနေကိုယ်စားလှယ်နှင့် ကုလသမဂ္ဂညှိနှိုင်းရေးမှူး မစ္စတာ ဘီရှိုးပါရာဂျူလီနှင့် ကုလသမဂ္ဂဌာနေကိုယ်စားလှယ်ရုံးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူရုံးတို့မှ Mr.Nikolas Win Myint တို့က နာဂစ်မုန်တိုင်းအပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်ချက်များ၊ လုပ်ငန်းဆောင်ရွက်မှု ဆန်းစစ်အကဲဖြတ်ရေးဆိုင်ရာ အစီရင်ခံစာ (PONJA-REPORT) ထုတ်ပြန်ရေးဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားကြသည်။
ထို့နောက် တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းကြရာ ဒုတိယ၀န်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြသည်။
0 comments:
Post a Comment