(၁၈.၇.၂၀၀၈)အုတ်တွင်းကျေးရွာ-အဖွဲ့အမှတ်(၈)
ငပုတောမြို့နယ်၊ အုတ်တွင်းကျေးရွာ၌ ပြည်ခိုင်ဖြိုးအသင်းဝင်လူငယ်အဖွဲ့အမှတ်(၈) ပြန်လည်ထူထောင်ရေးလုပ်ငန်းများတက်ကြွစွာပါဝင်ဆောင်ရွက်

ပြည်နယ်နှင့်တိုင်းများမှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဝင်များသည် အဖွဲ့(၁၂)ဖွဲ့ခွဲပြီး လေဘေးဒဏ်သင့်ခဲ့သော ဧရာဝတီတိုင်းအတွင်းရှိ ပြည်သူများ၏ ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ကူညီဆောင်ရွက်လျက်ရှိရာ (၁၈.၇.၂၀၀၈)ရက်နေ့တွင် ပြည်ခိုင်ဖြိုး အသင်းဝင်လူငယ် အဖွဲ့အမှတ်(၈) မှ အဖွဲ့ဝင်များ စုပေါင်း၍ အုတ်တွင်းကျေးရွာ၊ ခုံကြီးရွာသစ်တွင် ဒေသခံများ သီးပင်စားပင်များ စိုက်ပျိုးမှုတွင် စိုက်ပျိုးခင်း(၄)ခင်းအား ကူညီစိုက်ပျိုးပေးခဲ့သည်။ ထို့အပြင် အိမ်သာ(၁)လုံးနှင့် ရေကန်သေး(၁)လုံးတို့ကိုလည်း ဆောက်လုပ်ပေးခဲ့ပြီး ဒေသခံလူနာ (၅၂)ဦးတို့အား ဆေးကုသမှုပေးခဲ့သည်ဟုသိရသည်။
(၁၈.၇.၂၀၀၈)ရက်နေ့တွင် ဗိုလ်မှူးကြီးဝင်းတီနှင့် ဒုဗိုလ်မှူးကြီး တင်ဝင်းတို့မှ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး၍ လမ်းညွှန်အမှာစကားပြောကြားခဲ့သည်ဟု သိရှိရသည်။

Image

Image

Image

Image