အမျိုးသား သဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီ၏ ကြီးကြပ်မှုဖြင့် ဧရာဝတီတိုင်း လပွတ္တာမြို့နယ်ရှိ လေဘေးသင့်ပြည်သူများအတွက် ပေးပို့သည့် စားသောက်ဖွယ်ရာနှင့် ထောက်ပံ့ရေးပစ္စည်းများ စုစုပေါင်း ၁၇ ဒသမ ၆ တန်ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဆိပ်ကမ်းမြို့နယ် ဘုန်းကြီးလမ်း အမှတ်(၁) ဗောတံတားရှိ တပ်မတော်(ရေ) စစ်ရေယာဉ်ပေါ်သို့ တင်ဆောင်ရာတွင် တပ်မတော်(ရေ)မှ အရာရှိ၊စစ်သည်များက ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြသည်။
တပ်မတော်(ရေ)မှ စစ်ရေယာဉ်များဖြင့် ဧရာဝတီတိုင်းရှိ လေဘေးသင့်ပြည်သူများအတွက် စားသောက်ဖွယ်ရာနှင့် ထောက်ပံ့ရေးပစ္စည်းများကို အဆက်မပြတ်ပေးပို့လျက်ရှိရာ ယနေ့အထိ စုစုပေါင်း ကုန်တန်ချိန် ၂၆၉၃ ဒသမ ၄၄၅ တန် ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။