မြန်မာအစိုးရ၏ နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးလုပ်ငန်း ကိုင်တွယ်ဆောင်ရွက်မှုများအပေါ် အားရကျေနပ်ဖွယ်ဖြစ်ကြောင်း The New York Times သတင်းစာတွင် ရေးသားဖော်ပြ
အလွန်ဝေးလံသော မြစ်ဝကျွန်းပေါ်ဒေသများတွင် ကယ်ဆယ်ရေးတာဝန်များ ထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိ လာကြသော ကယ်ဆယ်ရေးဝန်ထမ်းများနှင့် ကျန်းမာရေး စောင့်ရှောက်ပေးသည့် ဆရာဝန်များက ပြောကြားရာတွင် လွန်ခဲ့သော (၆)ပတ်ကျော်က တိုက်ခတ်ခဲ့သော နာဂစ် မုန်တိုင်းကြောင့် အသက်မပျောက်ဘဲ အသက်ရှင်ကျန်ရစ်သူများ၏ အခြေအနေမှာ ကောင်းမွန်ပါကြောင်း၊ ၄င်းတို့သွားရောက်သည့်ဒေသများတွင် ကူးစက်ရောဂါ ပျံ့ပွားခြင်းနှင့် အစာရေစာငတ်မွတ်ခြင်း လုံးဝ မတွေ့ခဲ့ရကြောင်း၊ ပြီးခဲ့သည့် မေလ(၂)ရက် (၃)ရက်က တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းကြောင့် လူအများအပြားသေဆုံးရသော်လည်း အသက်မပျောက်ဘဲ အသက်ရှင်ကျန်ရစ်သူများသည် အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုပေးရန် လိုအပ်သည့် အခြေအနေမျိုးတွင် မရှိကြကြောင်း၊
အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ မန်နေဂျာ Paula Sansom ကလည်း အကြီးစား ဆေးဝါးကုသမှုပေးရမည့် လူဦးရေကိုကြည့်လျှင် အလွန်နည်းပါးသောကြောင့် နာဂစ်မုန်တိုင်းဒဏ်ခံရသည့် ဒေသများသို့ ဗြိတိသျှ ခွဲစိတ်ဆရာဝန်များအဖွဲ့ စေလွှတ်မည့် ကိစ္စအား တာဝန်ရှိပုဂ္ဂိုလ်များက ပယ်ဖျက်ခဲ့ရကြောင်း New York Times သတင်းစာတွင် ဖော်ပြထားသည်ကို တွေ့ရသည်။




0 comments:
Post a Comment