ပြည်ထောင်စုမြန်မာနိုင်ငံတော်ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဆိုင်ရာ သံမှူး Mr. Tang Hai က လှူဒါန်းမှုနှင့် စပ်လျဉ်းသည့် စာရွက်စာတမ်းများကို ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးဌာန ညွှန်ကြားရေးမှူးချုပ်ထံ ပေးအပ်လှူဒါန်းစဉ်။
ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ ချစ်ကြည်ရင်းနှီးမှုအစဉ်အလာအရ မုန်တိုင်းဒဏ်ခံခဲ့ရသော ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့မှ ပြည်သူများအား ဆေးအကာအကွယ်ပေးခဲ့ကြသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဆေးကုသရေးအဖွဲ့သည် မေ ၁၉ မှ ၃၀ ရက်အထိ ကွင်းဆင်းကုသရေးလုပ်ငန်း များကို ဆောင်ရွက်ခဲ့ကြပြီး ပြန်လည်မထွက်ခွာမီ ဆေးကုသရေးလုပ်ငန်းများတွင် အသုံးပြုခဲ့သော မီနီဘတ်စ် မော်တော်ယာဉ်နှစ်စီး၊ လူနာတင်ယာဉ်နှစ်စီးနှင့် ဆေးနှင့်ဆေးပစ္စည်းများလှူဒါန်းပွဲကို မေလ ၃၀ မွန်းလွှဲ ၂နာရီခွဲ တွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ Dusit Inya Hotel ၌ ကျင်းပခဲ့ပါသည်။