• ကိုယ့်နိုင်ငံနှင့် ကိုယ့်ပြည်သူ အကြောင်းကို "က" ကြီးမှ အစ "အ" အဆုံး ဂဃနဏ သိမြင်နားလည်ထားသည့် နိုင်ငံတော်အကြီးအကဲ၏ အမြော်အမြင်ကြီးမားမှုနှင့် မူဝါဒခံယူချက်များကား အထူးပင် လေးစားကြည်ညိုဖွယ် ကောင်းသည်။
  • ပြည်သူအားလုံး၏ အနာဂတ်အတွက် တန်ဖိုးမဖြတ်နိုင်သည့် လုပ်ငန်းလမ်းညွှန်ချက်များပင်ဖြစ်သည်။
  • ပြည်သူများနှင့်အတူ အေးအတူပူအမျှ မျှဝေခံစားနေသော နိုင်ငံတော် အကြီးအကဲ၏ ပုံရိပ်များကား ဒေသခံပြည်သူတို့၏ ရင်ထဲဝယ် အမြဲစွဲထင် ရှင်သန်နေမည်ဖြစ်သကဲ့သို့ အကြီးအကဲ၏ရင်ထဲမှ ပြည်သူများအပေါ်ထားရှိသည့်မေတ္တာ၊ စေတနာ အလှပန်းများကလည်း ဒေသနှင့်ပြည်သူတို့အတွက် အစဉ်လွှမ်းခြုံသင်းပျံ့ အလှဆင်လျက် ရှိမည်သာဖြစ်သည်။