မော်လမြိုင်ကျွန်းမြို့နယ်ကား မြစ် ၊ချောင်း ပေါများသည်။ မည်သည့်နေရာ သွားသွား ရေလမ်း ခရီးချည်းသာ ဖြစ်သည်။ ယခုလည်း သတင်း အဖွဲ့ လေဘေးဒဏ်ခံရသည့်  ကျေးရွာများသို့်ခရီး ထွက်သည့်အခါ စက်လှေ ကိုသာ အားကိုးခဲ့ရသည်။
ရေလမ်း ခရီး နှင်နေစဉ် ဖြစ်ကမ်းနံဘေး ၀ဲ ယာ ၌ မြစ်ကမ်းနံဘေး ၌ တာပေါ်လင်စ မိုးထားသောနေအိမ်
များ၊ သွပ်အသစ်များ မိုးထားသည့် အိမ်များနှင့် ကျေးရွာများကို လှမ်းတွေ့ ရသည်။ နံနက် ၈နာရီခန့်ရှိ သဖြင့် မြစ်ကမ်း လယ်ယာ လုပ်ငန်းခွင်ဝင်နေသူများနှင့် လက်တွန်းထွန်းစက်များဖြင့် ထွန်ယက်နေသူများကိုလည်း လှမ်းမြင်ခဲ့သည်။
လေ ဘေးဒဏ် ဆိုးရွားစွာ ခံရသည့် ဘိုးတီလွတ်ရွာ ကို နံနက် ၁၀ နာရီခန့်၌ ရောက်ရှိုသည်။ ချောင်း လက်တက်တစ်ခု အတွင်း နေအိမ်များတည်ဆောက် ကာနေထိုင်သည့်ရွာဖြစ်သည်။ စက် လှေ ကမ်းကပ်ပြီးတက်လိုက်သည်နှင့်ဘိုးတီလွတ် အမကကျောင်းကိုတွေ့ ရသည်။ လေဘေးကြောင့် စာသင်
ကျောင်း ပြိုကျပျက်စီးသွားသော်လည်း တာပေါ်လင်စများ မိုးပြီး တည်ဆောက်ထားသောအလျား ပေ ၆၀ နှင့်
အနံ ပေ ၂၀ ကျယ်သော စာသင်ကျောင်းဖြစ်သည်။ကျောင်းအတွင်း စာသင်နေကြသော ကျောင်းသူကျောင်းသား လေးများ၏ စာအံသံများ က ကျောင်းအပြင် သို့ လျှံ ထွက်လျက်ရှိသည်။ ဘိုးတီ လွတ
ရွာ အတွင်း အိမ်အားလုံး ပြန်လည် တည်ဆောက်ပြီး နေသည်ကိုတွေ့ သည်။ ရွာလမ်း၌ တွေ့ ရသည့် တောင်သူလယ်သမားတစ်ဦးကိုခေတ္တရပ်ပြီး မေးမြန်းရာ ”ကျွန်တော့်နာမည် ကျော်သန်းပါ။ အခုနိုင်ငံတော် က မျိုးစပါးတွေပေးနေလို့ ပျိုးခင်းထောင်ထားပြီးပါပြီ။ ကျွန် တော့်အနေနဲ့ ကျွန်တော်ပိုင် လယ်ဧက အားလုံး
စိုက်ပျိုးသွားမှာပါ။ တချို့ လက်ကွက်တွေက ကြံခင်း ၊တချို့ စိုက်ခင်းတွေ အဖြစ်နဲ့ ထွန်ယက်စိုက်ပျိုး သွားမှာပါ“ ဟုပြောကြားသည်။ဘိုးတီလွတ်ကျေးရွာ အပြင်ဘက်တွင် ကျွဲများဖြင့်ထွန်ယက် နေကြသည့်
တောင်သူလယ်သမားအချို့ကိုလှမ်းမြင်ရသည်။
ထို့နောက် စက်လှေဆိပ်သို့ ပြန်ဆင်းလာရာ စက်လှေဆိပမ၌ ရေလုပ်သား တစ်ဦးကို တွေ့ ၍ မေးမြန်းကြည့်ရာ
“ဘိုးတီလွတ်ရွာသားပါ။ ဦးစိန်နိုင်လို့ ခေါ်ပါတယ်။ လေဘေးဒဏ်ကြောင့် အိမ်ပြိုသွားပေမယ့် အခု ပြန်ဆောက်
ပြီးပါပြီ။ ကျွန်တော်က ငါးသလောက်ပိုက်ချတဲ့ရေလုပ်သားဖြစ်ပါတယ်။ ငါးသလောက် ပိုက်တွေ ပျက်စီးပေမယ့်အခုတော့လုပ်ငန်းပြန်စနေပါပြီ။ ငါးသလောက် ဖမ်းဆီးရမှု က ပုံမှန်ပြန်ဖြစ်နေပါပြီ “ ဟုဖြေကြားသည်။
ဘိုးတီလွတ်ရွာတွင် ရေလုပ်သား၃၀ ခန့် ရှိပြီး ငါးသလောက်ပိုက်ချသည့်သူများဖြစ်သည်။ ယခုအချိန်
၌ ဘိုးတီလွတ်ရွာရှိရေလုပ်သားအားလုံး လုပ်ငန်းများပြန်လုပ်နေကြပြီဖြစ်ကြောင်း သိရသည်။
ထို့ နောက် ဘိုးတီလွတ်ရွာမှနေ၍ စက်လှေဖြင့် ထီသာလိရွာသို့ ဆက်လက်ထွက်ခွာ ခဲ့သည်။
မြစ်ကြောင်းတစ်လျှောက်သင်္ဘောများ၊ စက်လှေများ၊ လက်ခတ်လှေများ အဆက်မပြတ်စုန်၊ ဆန် သွားလာ
နေကြ သည်ကိုတွေ့ ရ သည်။ ခရီး သည်တင် စက်လှေ များနှင့် ကုန်တင်စက်လှေများကိုလည်း မြင်တွေ့ ရသည်။ မော်လမြိုင်ကျွန်း မြို့နယ်သားတို့ ကားသဘာဝ လေဘေးဒဏ်ကြုံတွေ့ ခံစားခဲ့ရသော်လည်း အားမာန်
တင်းလျက် ချက်ချင်းရုန်းထနိုင်သူများပင်ဖြစ်သည်။