ဝန်ကြီးဗိုလ်မှူးချုပ်မောင်မောင်ဆွေ ကုလသမဂ္ဂအဖွဲ့အစည်း များနှင့် INGO တို့မှ တာဝန်ရှိသူများနှင့်အတူ ဧရာဝတီတိုင်းလေဘေးသင့်ဒေသများသို့ လှည်လည်ကြည့်ရှု


အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီဝင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၀န်ကြီးဗိုလ်ချုပ်မောင်မောင်ဆွေသည် မှဌာနကိုယ်စားလှယ် ဦးဆောင်သောကုလသမဂ္ဂအဖွဲ့အစည်း များနှင့် INတို့မှ တာဝန်ရှိသူများလိုင်ပါလျှက် ယနေ့နံနက် ၇ နာရီခွဲ တွင် ရန်ကုန်မြို့မှ တပ်မတော်ရဟတ်ယာဉ်ဖြင့် ဧရာဝတီတိုင်း ဘိုကလေးမြို့သို့ရောက်ရှိကြပြီး ဘိုကလေးမြို့လေဘေးကယ်ဆယ်ရေး ကွပ်ကဲရေးရုံး၌ ၀န်ကြီးက အဖွဲ့ဝင်များအား ဧရာဝတီတိုင်းအတွင်း နာဂစ်မုန်းတိုင်းဒဏ်ခံခဲ့ရမှု အခြေအနေများကို မြေပုံကားချပ်ဖြင့် ရှင်းလင်းပြောကြားသည်။
ထို့နောက်Mr. Daniel B. Baker နှင့် အဖွဲ့ဝင်များသည် ဘိုကလေးမြို့၌ နယ်မခြားဆရာဝန်များအဖွဲ့နှင့် WFP တို့၏ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို လိုက်လံကြည့်ရှုကြသည်။
ထိုမှတဆင့် ၀န်ကြီးနှင့်အဖွဲ့သည် ဖျာပုံမြို့နယ်ဧရာကျေးရွာသို့ သွားရောက်ကြပြီး ဧရာကျေးရွာ၌ ပြည်ပမှပေးပို့လှူဒါန်းထားသည့် ရွက်ဖျင်တဲဖြင့် ယာယီစာသင်ကျောင်းဆောက်လုပ်မှု၊ ယာယီဆေးပေးစခန်းဖွင့်လှစ်ထားရှိမှု ၊ မော်တော်ဆိပ်၌ ကယ်ဆယ်ရေးပစ္စည်းများရောက်ရှိနေမှု အခြေနေများကို လှည့်လည်ကြည့်ရှုကြပြီး ၀န်ကြီးကကျေးရွာပြန်လည်ထူထောင်ရေးအတွက် လိုအပ်ချပ်များကို တာဝန်ရှိသူများအားမေးမြန်း၍ လိုက်ပါလာသည့်အဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် ၀န်ကြီးနှင့်အဖွဲ့သည် ကြိမ်ချောင်းကျေးရွာသို့ရောက်ရှိပြီး တာဝန်ရှိသူများအားကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းများနှင့် စပ်လျဉ်း၍ မေးမြန်းဆွေးနွေးပြီး ဆက်လက်ထွက်ခွာရာ လပွတ္တာမြို့သို့ရောက်ရှိုကြသည်။
ထို့နောက်ဝန်ကြီးနှင့်အဖွဲ့သည်လပွတ္တာမြို့ လေဘေးကယ်ဆယ်ရေး ကွပ်ကဲရေးစခန်း၌ မြို့နယ်တွင်းလေဘေးဒဏ်ခံရမှုနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းအခြေအနေများကို တာဝန်ရှိသူများနှင့်ညှိနှိုင်းဆွေးနွေးပြီး ၀န်ကြီးကလိုအပ်သည်များ မှာကြားသည်။
ထို့နောက်Mr. Daniel B. Bakerနှင့် အဖွဲ့ဝင်များသည် လပွတ္တာမြို့ရှိ ၏ ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ဖြန်ဝေမှုအခြေအနေများနှင့်ဆိပ်ကမ်း၌ကယ်ဆယ်ရေးပစ္စည်းများရောက်ရှိမှုနှင့် ပတ်ဝန်းကျင်ကျေးရွာများသို့ ဖြန့်ဝေပေးပို့ရေး ဆောင်ရွက်မှုအခြေအနေများကို လှည့်လည်ကြည့်ရှုကြသည်။
ထိုမှတဆင့် ၀န်ကြီးနှင့်အဖွဲ့သည် လပွတ္တာမြို့နယ် လှိုင်ဘုန်းကျေးရွာသို့ သွားရောက်ကြပြီး ကျေးရွာရှိ ကယ်ဆယ်ရေးစခန်း၌ ထောက်ပံ့ရေးပစ္စည်းများရောက်ရှိမှု၊ လှေများဖြင့်ပတ်ဝန်းကျင်ကျေးရွာများသို့ ထောက်ပံ့ရေးပစ္စည်းများ ဖြန့်ဝေပေးပို့ရေးဆောင်ရွက်နေမှု၊ ကျေးရွာဆေးပေးခန်းနှင့် မီးဖွားလူနာအခြေအနေတို့ကို လှည့်လည်ကြည့်ရှုကြပြီး ၀န်ကြီးက တာဝန်ရှိသူများအား ကျေးရွာအတွင်းသန့်ရှင်းရေးလုပ်ငန်းများ အမြန်ဆောက်ရွက်ရေးမှာကြားသည်။
ထို့နောက် ၀န်ကြီးနှင့်အဖွဲ့သည် ကျေးရွာအခြေခံပညာ အထက်တန်းကျောင်းစာသင်ဆောင်များပျက်စီးခြင်း အတွက် ရွက်ဖျင်တဲယာယီစာသင်ကျောင်း နမူနာပုံစံဆောက်လုပ်မှု အခြေအနေကို ကြည့်ရှုကြပြီး ကျေးရွာပြန်လည်ထူထောင်ဆိုင်ရာလိုအပ်ချက်များကို တာဝန်ရှိသူများမေးမြန်းဆွေးနွေး၍ ထပ်မံဖြည့်ဆည်းဆောင်ရွက်ပေးမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားပြီး ရဟတ်ယဉ်ဖြင့် ပြန်လည်ထွက်ခွာလာရာ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ရောက်ရှိကြကြောင်း သတင်းရရှိသည်။
0 comments:
Post a Comment