လေဘေးသင့်ပြည်သူများအတွက် အလှူငွေများ ဆက်လက်လှူဒါန်း
ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခံရသော ဒေသများအတွက် ပြည်တွင်း၊ပြည်ပမှစေတနာရှင် အလှူရှင်များက အလှူငွေများအား ဆက်လက်လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်း ရန်ကင်းမြို့နယ်ရှိ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန မြန်မာနိုင်ငံတော်ဗဟိုဘဏ်(ရန်ကုန်ရုံးခွဲ) နာဂစ် မုန်တိုင်းဒဏ်သင့် ဒေသပြည်သူများအတွက် အလှူငွေလက်ခံရာဌာန၌ အလှူရှင်များမှ လှူဒါန်းကြသော အလှူငွေများအား ဘဏ္ဍာငွေလက်ခံရေးနှင့် ထုတ်ပေးရေးဆပ်ကော်မတီဥက္ကဌ ဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးကြီးလှသိန်းဆွေက လက်ခံယူသည်။(အပေါ်ပုံ)
လှူဒါန်း
လှူဒါန်းကြသော အလှူရှင်များက ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၇၀) ကျောင်းဆင်းအရာရှိများက ငွေကျပ် နှစ်သိန်း၊ ဦးမောင်မောင်အေး(ညွှန်မှူး-ငြိမ်း)၊ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် ဒေါ်ခင်သန်းဌေးမိသားစု အလုံမြို့နယ်က ငွေကျပ်တစ်သိန်း၊ ဗိုလ်မှူးကြီးစိုးဝင်း(ငြိမ်း) ဦးဆောင်ညွှန်ကြားရေးမှူး သတင်းနှင့်စာနယ်ဇင်း လုပ်ငန်းနှင့် ဒေါ်သန်းသန်းအေး၊ မိသားစုက ငွေကျပ်နှစ်သိန်း၊ဗိုလ်မှူးသောင်းစိန်(ငြိမ်း) နှင့်ဒေါ်သန်းအေးမိသားစု ရွှေပေါက်ကံမြို့နယ်က ငွေကျပ်တစ်သိန်း သစ်တောရေးရာဝန်ကြီးဌာနမှ တစ်ဆင့် MD Mr. Gaofei Puer Defu, Commer-cial and Trading Co.,Ltd, China က ငွေကျပ်သိန်း၁၀၀၊ ဒေါ်ခင်ထားမူ တိုင်းရင်းဆေးပညာဦးစီးဌာန နေပြည်တော်က ငွေကျပ်တစ်သိန်း၊ ကာကွယ်ရေးဝန်ကြီးဌာန တပ်မတော် လေ့ကျင့်ရေးရာအရာရှိချူပ်ရုံးနှင့် လက်အောက်ခံတက္ကသိုလ်၊ ကျောင်း တပ်များက ငွေကျပ် ၁၅၉သိန်း ဦးဖြိုးမင်းဝင်း မူဆယ်မြို့က ငွေကျပ် သုံးသောင်းတို့ဖြစ်ကြောင်း သတင်းရရှိသည်။
ယနေ့ လက်ခံရရှိသည့် အလှူငွေစုစုပေါင်းမှာ ငွေကျပ် ၂၆၆၃၀၀၀၀ ဖြစ်ကြောင်းသတင်းရရှိသည်။
0 comments:
Post a Comment