မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ဒေသများအတွက် နိုင်ငံတကာမှ ထောက်ပံ့ရေးပစ္စည်းများပေးပို့လျက်ရှိကြရာ ထိုင်းနိုင်ငံ အခြေစိုက် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှ ရေသန့်ဘူးခွံများ၊ရေသန့်စက်နှင့် ဆက်စပ်ပစ္စည်းများ၊ရေသန့်ဆေးပြားများ၊ခြင်ထောင်များ၊မီးဖိုများ၊တာပေါ်လင်များ၊ကျန်းမာရေးသုံးပစ္စည်းများ စုစုပေါင်း ၁၃ ဒသမ ၆၀၁ တန်သည် AN -12 လေယာဉ်ဖြင့်ယနေ့န့နက် ၈ နာရီ မိနစ် ၄၀ တွင်လည်းကောင်း၊ယူအေအီးနိုင်ငံ ဒူဘိုင်းအခြေစိုက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ စောင်များ၊ခြင်ထောင်များ၊ပလတ်စတစ်များ၊မီးဖိုချောင်သုံးပစ္စည်းများ စုစုပေါင်း ၃၈ ဒသမ ၉၂၅ တန်သည် IL လေယာဉ်ဖြင့် နံနက် ၁၀ နာရီတွင်လည်းကောင်း၊ဗြိတိန်နိုင်ငံရှိ Merlin အဖွဲ့မှလှူဒါန်းသော ဆေးနှင့်ဆက်စပ်ပစ္စည်းများ ၁၆ ဒသမ ၁၄ တန်သည် လေယာဉ်ဖြင့် နံနက် ၁၀ နာရီ ၁၀မိနစ်တွင် လည်းကောင်း၊ထိုင်းနိုင်ငံ ဖူးခတ်မြို့နေ ဦးအောင်မြိုင်၊ဦးလင်းကြည်တို့က ထိုင်းနိုင်ငံရှိမြန်မာစစ်သံရုံးမှတစ်ဆင့် လှူဒါန်းသော ကြက်ဥများ၊၀က်ပေါင်ခေါက်ဆွဲခြောက်များ၊အ၀တ်အထည်များ စုစုပေါင်း ၁၁ ဒသမ ၉ တန်သည် C -130 လေယာဉ်ဖြင့် နံနက် ၁၀ နာရီ ၂၅ မိနစ်တွင်လည်းကောင်း၊အမေရိကန်ပြည်ထောင်စုမှ ခြင်ထောင်များ၊ခေါက်ဆွဲခြောက်များ၊ကြက်ဥများ စုစုပေါင်း ၃၆ တန်ခန့်သည် C-130 လေယာဉ်လေးစင်းဖြင့် နံနက်၁၁ နာရီ ၃ မိနစ်၊၁၁ နာရီ ၂၈ မိနစ်၊မွန်းတည့် ၁၂ နာရီနှင့် မွန်းလွဲ ၁ နာရီ ၁၈ မိနစ်တို့တွင်လည်းကောင်း၊ဗြိတန်နိုင်ငံရှိ Relief Supplies မှ ပလတ်စတစ်များ ၃၈ ဒသမ ၅၈ တန်သည် A-300 လေယာဉ်ဖြင့် မွန်းလွဲ ၁ နာရီ ၅၆ မိနစ်တွင် လည်းကောင်း၊ဆော်ဒီအာရေဗျနိုင်ငံမှ အစားအစာမျိုးစုံ၊ဆေးဝါးမျိုးစုံ၊နို့၊ ရွက်ဖျင်တဲများ စုစုပေါင်း ၁၄၉ ဒသမ ၉၆ တန်သည် MD-11 လေယာဉ်နှစ်စင်းဖြင့် မွန်းလွဲ ၂ နာရီ ၂၁ မိနစ်နှင့် ညနေ ၅ နာရီ ၃၅ မိနစ်တို့တွင် လည်းကောင်း၊အင်ဒိုးနီးရှားသမ္မတနိုင်ငံအခြေစိုက် နယ်စည်းမခြား ဆရာဝန်များအဖွဲ့မှ ကျန်းမာရေးသုံးပစ္စည်းများ၊ပလတ်စတစ်ပုံးခွံ စုစုပေါင်း ၃၆ ဒသမ ၉၉ တန်သည် DG -8လေယာဉ်ဖြင့် ညနေ ၄ နာရီ ၄၈ မိနစ်တွင်လည်းကောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့ကြသည်။
မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ပြည်ပနိုင်ငံများမှ စေတနာရှင်များ လှူဒါန်းသည့် ပစ္စည်းများဖြင့် အဆက်မပြတ် ရောက်ရှိလာလျက်ရှိရာ ထိုရောက်ရှိလာသော ပစ္စည်းများကို လေဆိပ်၊သင်္ဘောဆိပ်များတွင် ပစ္စည်းလက်ခံရယူပြီး နှောင့်နှေးကြန့်ကြာမှုမရှိစေဘဲ မုန်တိုင်းဒဏ်ခံခဲ့ရသောဒေသများသို့ ရဟတ်ယာဉ်များ၊မော်တော်ယာဉ်များ၊ရေယာဉ်များဖြင့် ချက်ချင်း ဖြန့်ဝေပေးလျက်ရှိကြောင်း သတင်းရရှိသည်။