အာကသလွန်းပြန်ယာဉ် အင်ဒင်းဗား မြေပြင်သို့ပြန်လည်ဆင်းသက်..........
အင်ဒင်းဗား အာကာသ လွန်းပြန်ယာပြန်ယာဉ် သည်မိုင်၆ ဒသမ ၅သန်း ခရီးနှင်ပြီးနောက် အာကာသယာဉ်မှူး
ခုနှစ်ဦး နှင့်အတူ မတ် ၂၆ ရက် ည၈ နာရီ ၃၉ မိနစ် တွင် မြေပြင်သို့ ပြန်လည် ဆင်းသက်နိုင်ကြောင်း သိရသည်။
ထိုအာကာသ ယာဉ်ပြန်လည်ရောက်ရှိလာခြင်းနှင့်အာကာသယာဉ် မှူးအားလုံး တို့အား ကြိုဆိုပါကြောင်း အာကာသယာဉ် ထိန်းချုပ်ရေးစခန်းမှ ပြောကြားသည်။ ၎င်း အာကာသလွန်းပြန်ယာဉ်ဖြင့် ခရီးသွားရခြင်းမှာ
ခရီးစဉ် အစမှ အဆုံး ထိအောင် စိတ်လှုပ် ရှားဖွယ်ကောင်းကြောင်း အာကာသယာဉ်အဖွဲ့အကြီးအကဲ ဒိုမီနစ်ခ်
ဂို ရီက ပြန်လည် ပြောကြားသည်။
အာကာသယာဉ်များ ည အချိန် ဆင်း သက်ခြင်းသည်ယခု အကြိမ်နှင့်ဆိုပါက ၂၂ ကြိမ်ရှိသွားပြီဟု သိရသည် ။မူလ က အာကာသ ယာဉ် ဆင်းသက်ရမည့်အချိန်မှာ ည ၇နာရီ ၅မိနစ်ဟု သတ်မှတ်ထားသော်လည်း ပထမ အကြိမ်ဆင်းသက်ချိန်၌ တိမ်ထူထပ်နေသသည့် အတွက်ကြောင့် မဆင်းသက် နိုင်ဘဲ အချိန်ရွှေ့ ဆိုင်း၍ သက်ရခြင်း ဖြစ်သည်ဟု သိရသည်။
အဆိုပါ အာကာသ လွန်းပြန်ယာဉ် ကို မတ် ၁၁ ရက်ကစတင်လွှတ်တင်ခဲ့ခြင်းဖြစ်သည်။အပြည်ပြည်ဆိုင်ရာ
အာကာသ စခန်းတွင် နေ ထိုင်ခဲ့သော ၁၂ ရက် အချန် အတွင်း ၌ အာကာသစခန်း၏အပြင်သို့ ငါးကြိမ်တိုင်တိုင် ထွက်၍ စက်ရုပ် လက်နှစ်ဖက်ဖြင့် အာကာသဓါတ်ခွဲခန်း တို့ကို တပ်ဆင်နိုခဲ့ပြီး အခြား သော အစိတ်အပိုင်းများကိုပါအောင်မြင်စွာ ပြင်ဆင်နိုင်ခဲ့ကြောင်းသိရသည်။
အာကသယာဉ်မှူးများသည် ပြင်ပ သို့ ထွက်၍ လမ်းလျှောက်ရာ၌ ပထမသုံးကြိမ်တွင် စက်ရုပ်ကို တပ်ဆင် ခြင်းနှင့် အာကာသဓါတ်ခွဲခန်းကို တပ်ဆင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
စတုတ္ထအကြိမ်အာကာသတွင်းလမ်းလျှောက်ရာ၌ လွန်းပြန်ယာဉ် ၏ ပျက်စီးနေသော အပူကာပြားများကို ပြင်
ဆင်နိုင်မည့် နည်း လမ်းကိုစမ်းသပ်ခြင်းဖြစ်ပြီး ပဉ္စမအကျြိမ် အာကာသတွင်း ထွက်၍ လမ်းလျှောက်ခြင်းမှာအာကာသစခန်းယာဉ်၏ အခြေအနေကို စစ်ဆေးရန် ဖြစ်သည်။
0 comments:
Post a Comment