ကမ္ဘောဒီယားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား ကုန်သွယ်မှုပမာဏသည် ၂၀၀၇ခုနှစ်တွင် ၁၀ဒဿမ ၅၆ ရာခိုင်နှုန်း တိုးလာကြောင်း၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၄၀၄သန်း ရှိကြောင်း ကမ္ဘောဒီးယား ကုန်သွယ်ရေးဝန်ကြီး ချန်ပရာဆစ်က သောကြာနေ့တွင် ပြောကြားသည်။
၂၀၀၆ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာသန်း ၁၂၇၀ရှိပြီး ကမ္ဘောဒီးယားမှ ထိုင်းသို့ ပို့ကုန်တန်ဖိုး ၃၅သန်း ပါဝင်ကြောင်း ၀န်ကြီးက ပြောကြားသည်။