အင်ဒီးဗားလွန်းပြန်ယာဉ်မှ အာကာသယာဉ်မှူးများသည် နိုင်ငံတကာအာကာသစခန်း (အိုင်အက်စ်အက်စ်)၌ ပေ ၅၀ရှည်လျားသော စစ်ဆေးရေးတန်းပြားများကို လာမည့်အာကာသလွန်းပြန်ယာဉ် အသုံးပြုနိုင်ရန် သိမ်းဆည်းမှု ပြုလုပ်ခဲ့ကြောင်း မတ် ၂၃ရက်က အင်တာနက်သတင်းတွင် ဖော်ပြသည်။ အာကာသယာဉ်မှူးများသည် မတ် ၂၆ရက်နေ့တွင် ကမ္ဘာမြေသို့ မြန်မလာမီ လမ်းလျှောက်လျက် စစ်ဆေးရေးတန်းပြားကို သိမ်းဆည်းခဲ့သည်။ ယင်းအာကာသ စခန်းသို့ မေလတွင် ဒစ္စကာဗာရီလွန်းပြန်ယာဉ် ပြန်လာမည် ဖြစ်သည်။ ၄င်းလွန်းပြန်ယာဉ် လာရောက်စဉ်အတွင်း သိမ်းဆည်းထားသော စစ်ဆေးရေးတန်းပြားများကို အသုံးပြုရမည်ဖြစ်သည်။ ၄င်းစစ်ဆေးရေး တန်းပြားထိပ်ဖျားတွင် လေဆာရောင်ခြည် ထည့်သွင်းထားသည်။ ယင်းစစ်ဆေးရေးတန်းပြားများ ကို သုံး၍ ထိခိုက်ပျက်စီးနေသော လွန်းပြန်ယာဉ်ကို စစ်ဆေးနိုင်သည်ဟု ဆိုသည်။

၂၀၀၃ခုနှစ်က ကိုလံဘီယာလွန်းပြန်ယာဉ် ပျက်ကျခဲ့ပြီးနောက် ကမ္ဘာမြေသို့ ပြန်လည် မထွက်ခွာမီ စစ်ဆေးရေးတန်းပြားများကို အသုံးပြု၍ ပျက်စီးမှု ရှိမရှိ သေချာစွာ စစ်ဆေးမှုများ ပြုလုပ်လာသည်။ အင်ဒီးယား အာကာသယာဉ်မှူးများ ဖြစ်ကြသည့် မိုက်ကယ်ဖိုးမင်းနှင့် ရောဘတ်ဘန်ကင်တို့သည် မတ် ၂၂ရက်က ခြောက်နာရီကြာ အာကာသတွင်း လမ်းထွက်လျှောက်ခဲ့ကြသည်။ ယင်းတို့သည် အင်ဒီးဗားလွန်းပြန်ယာဉ်ရှိ အပူခံပြားများ ခိုင်ခံ့မှုရှိမရှိ တို့ကိုလည်း စစ်ဆေးကြည့်ရှု့ခဲ့ကြသည်။ ထို့အပြင် အာကာသစူးစမ်း လေ့လာရေး အေဂျင်စီ၏ ကီဘိုဓါတ်ခွဲခန်းကိုလည်း တပ်ဆင်ပေးခဲ့သည်။ နိုင်ငံတကာ အာကာသစခန်းကို ဒက်ဇ်ထရီဟု အမည်ပေးထားသော စက်ရုပ်ကို အသုံးပြုလျက် ပြင်ပ ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် စီစဉ်ပြုလုပ်ပေးထားသည်။ အင်ဒီးဗားးလွန်းပြန်ယာဉ်သည် နိုင်ငံတကာ အာကာသ စခန်း၌ ၁၂ရက်ကြာနေပြီးနောက် မတ် ၂၆ရက်တွင် ကမ္ဘာမြေသို့ ပြန်လာရန် စီစဉ်ထားသည်။