ဗီယက်နမ်နိုင်ငံမှဆန်များကို ဖိလစ်ပိုင်က ၀ယ်ယူရေးအတွက် နှစ်နိုင်ငံအရာရှိများက သဘောတူလက်မှတ်ရေးထိုးလိုက်ကြသည်။ ဖိလစ်ပိုင်၌ဆန်ဖူလုံစေရန်အတွက် ဗီယက်နမ်မှ ဆန်မက်ထရစ်တန်ချိန် တစ်သန်းခွဲကို ယခုနှစ်အတွင်း ၀ယ်ယူဖြည့်ဆည်းသွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်အရာရှိများက ပြောကြားသည်။