ဆိုက်ပရပ်စ်နိုင်ငံတွင် ဂရိဆိုက်ပရပ်စ်နှင့် တာကစ်ဆိုက်ပရပ်စ်တို့အားပိုင်းခြားထားသောနယ်မြေကိုဆယ်စုနှစ်
များအတွင်း ပထမဆုံးအကြိမ် အဖြစ်ဖွင့်ပေးရေးအတွက် ကုလသမဂ္ဂမိုင်းရှာဖွေရေးသမားများသည် ဗုဒ္ဓဟူး နေ့မှစ၍အတားအဆီးများကို စတင်စစ်ဆေး နေပြီဖြစ်ကြောင်းဆင်ဟွာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
စိတ်ဝမ်းကွဲပြားလျက်ရှိသော အဖွဲ့အစည်းနှစ်ခု၏ ခေါင်းဆောင်များသည် ငြိမ်းချမ်းရေးဆွေးနွေပွဲစတင်ရန်သ
ဘောတူပြီးနောက် ကိုက်၈၀ အကွာအဝေးရှိခွဲခြားမြေကိုဧပြီလစောစောပိုင်းတွင်ပြန်ဖွင့်ပေးတော့မည်ဖြစ်သည်။
မိုင်းရှင်းလင်းရေး ကျွမ်းကျင်သူ ခြောက်ဦး တို့ သည် မိုင်းရှာ ကိရိယာ အစုံအလင်ဖြင့် အဆိုပါ နယ်မြေ အတွင်းသို့ဗုဒ္ဓ ဟူးနေ့ နံနက်ပိုင်းက၀င်ရောက် သွားသည်။
ထိုနယ်မြေအတွင်း မိုင်းရှာဖွေခြင်း လုပ်ငန်းကို စတင် ဆောင်ရွက် လျက်ရှိရာကြာသပတေး နေ့တွင် ပြီးဆုံး လိမ့်မည် ဟု မျှော်လင့်ကြောင်း ကုလသမဂ္ဂ အရာရှိ တစ်ဦး က ပြောကြားသည်။
၁၉၇၄ ခုနှစ်တွင် တာကစ်တို့က ဆိုက်ပရပ်စ်ကျွန်းကို ကျူးကျော်ဝင်ရောက်ပြီးနောက်ဂရိဆိုက်ပရပ်စ်နှင့် တာကစ်ဆိုက် ပရပ်စ် ဟူ၍ူ နှစ် ပိုင်း ကွဲသွားခဲ့သည်။