လားဟိုးမြို့ရှိ ရေတပ်ကောလိပ်၌ ဗုံးတိုက်ခိုက်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး လူငါးဦးသေဆုံးပြီးနောက် နှစ်ရက်အကြာတွင် လာဟိုးမြို့၌ ကြာသပတေးနေ့က အသေခံဗုံးဖောက်ခွဲခဲ့ရာ၌ ပါဝင်ခဲ့သည်ဟု သံသယမကင်းဖြစ်ရသူ သုံးဦးကို ပါကစ္စတန်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။
ပါကစ္စတန်တပ်ဖွဲ့ဝင်များက အစ္စလမ္မာဘတ်မြို့ရှိ အစွန်းရောက်များ၏ အဆောက်အအုံကို ဇူလိုင်လအတွင်းက စီးနင်းတိုက်ခိုက်ခဲ့ပြီးနောက် ယခုနှစ်အတွင်း လူ၅၀၀ကျော် သေဆုံးသော ပေါက်ကွဲမှုနှင့် လွန်ခဲ့တဲ့ရက်သတ္တပတ်က လူ၈၀ကျော် သေဆုံးသော ဗုံးဖောက်ခွဲမှုတို့ ဖြစ်ခဲ့သည်။
အာဖဂန်နစ္စတန်နယ်စပ်ရှိ ပက်ရှ်တွန်လူမျိုးစုငယ်ဒေသမှ လားဟိုးမြို့သို့ ဖောက်ခွဲရေးလုပ်ငန်းများ ပြုလုပ်ရန် ဦးတည်လာနေကြောင်း ရဲတပ်ဖွဲ့ကသတင်းရရှိခဲ့ပြီး မသင်္ကာသူသုံးဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ကပြောကြား သည်။
၎င်းတို့အား စုံစမ်းစစ်ဆေးရာမှ အစိုးရဌာနမှ အရေးကြီးသော အဆောက်အအုံများနှင့် အရေးပါသည့် ပုဂ္ဂိုလ်များကို ဗုံးဖောက်ခွဲတိုက်ခိုက်ရန် အစီအစဉ်ရှိသည်ဟု ၄င်းတို့က ထုတ်ဖော် ပြောကြားသည်ဟု ရဲတပ်ဖွဲ့အကြီးအကဲ အစ်ဘယ်က သတင်းစာရှင်းလင်းပွဲ တွင်ပြောကြားသည်။