ရုရှနိုင်ငံသမ္မတ ဗလာဒီမာပူတင်၏ အစိုးရအဖွဲ့ မှ ပထမ ဒုတိယ၀န်ကြီးချုပ်ဖြစ်သူ မက်ဗီဒက်ဗ်သည် ရုရှနိုင်ငံ၏ သမ္မတရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိသွားပြီ ဖြစ်ကြောင်း မော်စကိုမှ မတ် ၃ ရက်တွင် ထုတ်ပြန်သော စာရင်းများအရ သိရှိရသည်။