ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းတွင် ဖေဖော်ဝါရီ ၂၈ ရက်က ဒုံးကျည်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဒေသခံ၁၂ဦး သေဆုံးခံရကြောင်း ပါကစ္စတန် ရဲတပ်ဖွဲ့က ပြောကြားသည်။
အဆိုပါဒုံးကျည်မှာ ပါကစ္စတန်နယ်စပ်ရှိ ၀ါနာမြို့အနောက်ပိုင်းနေအိမ်တစ်လုံးကို ထိမှန်ခဲ့ပြီး သေဆုံးဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ဒုံးကျည်ဖြင့်ပစ်ခတ်တိုက်မှုသည် မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းကမျှ ရှင်းလင်းပြောကြားမှု မရှိသော်လည်း အာဖဂန်နစ္စတန် နယ်စပ်ဘက်မှ ပစ်ခတ်ဖွယ်ရှိကြောင်း ပါကစ္စတန် ရဲတပ်ဖွဲ့က ပြောကြားသည်။
ဒုံးကျည်ပြစ်ခတ် ခံရချိန်မှာ ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၂နာရီခန့်ဖြစ်သည့်အတွက် လူသေဆုံးမှု များခဲ့ရခြင်း ဖြစ်ကြောင်းလည်း ၎င်းတို့က ပြောကြားသည်။