ဖိလစ်ပိုင်နိုင်ငံတွင် လူ ၁၄ ဦး သေဆုံးခဲ့ရသည့် ရေလွမ်းမိုးမှုဖြစ်ပွားပြီး ရပ်ဝေးသို့ ရွှေ့ပြောင်းခဲ့ရသော ဒေသခံများအား ဖိလစ်ပိုင်စစ်ဘက်တပ်ဖွဲ့ဝင်များက သွားရောက်ကာ စားနပ်ရိက္ခာ၊ ရေနှင့်အ၀တ်အထည်များ ဖြန့်ဖြူးပေးကြသည်။
အရှေ့ပိုင်းဆာမာဒေသတွင် မိုးဆက်တိုက်ရွာသွန်းခဲ့သဖြင့် ရေလျှံမှုဖြစ်ပွားပြီး လမ်းများရေမြှုပ်ကာ တံတားများပျက်စီးပြီး ဝေးလံသည့် ကျေးလက်ပြည်နယ်များတွင် သွားလာရေး အခက်အခဲတွေ့နေလျက်ရှိသည်။
ရာသီဥတုကောင်းမွန်ပါက မိမိတို့က ရဟတ်ယာဉ်များသုံး၍ ကယ်ဆယ်ရေးပစ္စည်းများကို ဖြန့်ဝေမည်ဟု လေတပ်အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီးပီဒရစ်တို ကာဒွန်ဂျော့က သတင်းထောက်များသို့ ပြောကြားသည်။ရေများကျဆင်းစပြုပြီဖြစ်သော်လည်း လူ ၂၀၀၀၀၀ခန့်သည် အရှေ့ဆမား၊ လေတီနှင့်အပ်ဘေပြည်နယ်များတွင် ရေးဘေးဒုက္ခခံရဆဲဖြစ်နေကြသည်။လူ ၁၄ ဦးရေနစ် သေဆုံးပြီး ခုနှစ်ဦးပျောက်ဆုံးနေဆဲဖြစ်သည်ဟု ကြက်ဖြေနီအဖွဲ့ကပြောကြားသည်။