နီပေါစစ်ရဟတ်ယာဉ် ဧ၀ရတ်တောင်ဒေသ၌ ပျက်ကျ
နီပေါနိုင်ငံ ဧ၀ရတ်တောင်ဒေသတွင် ဖေဖော်ဝါရီ ၂၀ ရက် နံနက်ပိုင်းက စစ်ဆင်ရေးပြုလုပ်စဉ် ကူညီရန် သွားရောက်သောနီပေါစစ်ဘက်ရဟတ်ယာဉ်တစ်စင်း ပျက်ကျမှုဖြစ်ပွားခဲ့သည်။
ဧ၀ရတ်တောင်ဒေသ အခြေစိုက်စခန်းအနီးရှိ ကာလာပါသာဒေသတွင် "ချီတာ" အမျိုးအစား ရဟတ်ယာဉ်ငယ် ပျက်ကျခြင်းဖြစ်သည်ဟု နီပေါနိုင်ငံ မြို့တော် ခတ္တမန္ဒူရှိ စစ်ဌာနချုပ်က ပြောကြားသည်။
ချီတာရဟတ်ယာဉ်သည် အိန္ဒိယနိုင်ငံတွင် ထုတ်လုပ်သည့် အသေးစားရဟတ်ယာဉ်ဖြစ်သည်။
အဆိုပါ ရဟတ်ယာဉ်ပျက်ကျမှုကြောင့် လေယာဉ်အမှုထမ်းနှစ်ဦးစလုံး ဒဏ်ရာအနည်းငယ်စီ ရရှိကြသည်။ ရဟတ်ယာဉ်ပျက်ကျရသည့် အကြောင်းရင်းကို စုံစမ်းနေဆဲဖြစ်သည်။

0 comments:
Post a Comment