ဗီယက်နမ်နှင့်ချီလီတို့သည် လွတ်လပ်စွာကုန်သွယ်မှု၊ သဘောတူညီချက်နှင့် ရင်းနှီးမြှုပ်နှံမှု အကျိုးတူပူးပေါင်း ဆောင်ရွက်ရေးကို ဗီယက်နမ်ဝန်ကြီးချုပ် ငုရင်တန်ဇွန်း၏ အတည်ပြု ပြောကြားချက်ကို ဇန်နဝါရီ၂၅ရက်က ဗီယက်နမ်နယူးစ်သတင်းစာ၌ ဖော်ပြသည်။
အဆိုပါ သဘောတူညီမှုကို ဇန်နဝါရီ ၂၄ရက်က ချီလီနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးနှင့် လက်ခံတွေ့ဆုံခဲ့သည်။ နယ်ပယ်ကဏ္ဍအားလုံး တိုးတက်မြင့်မားရေးအတွက် နည်းပညာ အတွေ့အကြုံများ ပူးပေါင်းဆောင်ရွက်ရေးနှင့် အထူးကဏ္ဍအနေဖြင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို တိုးမြင့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဝန်ကြီးချုပ် ငုရင်တန်ဇွန်းက ထပ်လောင်း ပြောကြားသည်။
ဗီယက်နမ်၌ နှစ်နိုင်ငံကုန်သွယ်မှု ကဏ္ဍအတွက် လုပ်ငန်းအေဂျင်စီများ ဖွင့်လှစ်ထားရှိရန် ညှိနှိုင်းဆွေးနွေးသည်။ ၄င်းနိုင်ငံအနေဖြင့် အရှေ့တောင်အာရှ ကုန်သွယ်မှုဈေးကွက်များ ရင်းနှီးမြှုပ်နှံ၍ ပူးပေါင်းဆောင်ရွက်မည် ဖြစ်သည်။
၂၀၀၇ခုနှစ်အတွင်း ဗီယက်နမ်နှင့် ချီလီနှစ်နိုင်ငံ ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ သန်း၂၀၀အထိ ရရှိခဲ့ကြောင်း အဆိုပါသတင်း၌ ဖော်ပြသည်။
အမ်အင်န်အေ၊ဆင်ဟွာ