တရုတ်နိုင်ငံတွင် အကြီးဆုံးသော ရေနံကုမ္ပဏီဖြစ်သည့် တရုတ်ရေနံဓာတုကော်ပိုရေးရှင်း(စီနိုပက်အုပ်စု)က
ပြည်တွင်းတွင် ဖြန့်ဖြူးရေးအတွက်အာမခံချက် ရရှိစေရန်ယခုလကုန်တွင် ဒီဇယ်ဆီ နောက်ထပ်တန်ချိန် ၈၀၀၀၀ ၀ယ်ယူတင်သွင်းမည် ဖြစ်ကြောင်း ဆင်ဟွာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အဆိုပါ စက်သုံးဆီကို ကုန်တင်သင်္ဘောနှစ်စင်းဖြင့် သယ်ဆောင်ကာရောက်ရှိလာမည်ဖြစ်ပြီး
ကုန်တင်သင်္ဘောတစ်စင်းကို ကွမ်တုန်ပြည်နယ်သို့  စေလွှတ်ကာ အခြားသင်္ဘောတစ်စင်းကို
စီကျန်ပြည်နယ်သို့ စေလွှတ်၍ ဖြန့်ဖြူးစေမည်ဖြစ်သည် ဟု နယူးပရက်စ်သတင်းအရ သိရှိရသည်။
ဖော်ပြပါ ရေနံကုမ္ပဏီသည် ဓာတ်ဆီတန်ချိန် ၉၀၀၀၀နှင့်ဒီဇယ်ဆီတန်ချိန် ၂၉၈၀၀၀ အပါအ၀င် ချက်လုပ်ပြီးချောဆီတန်ချိန်
စုစုပေါင်း တန်ချိန် ၃၈၃၀၀၀ ကို စက်တင်ဘာလနောက်ပိုင်းတွင် ၀ယ်ယူတင်သွင်းခဲ့သည်ဟု ဆိုသည်။
တရုတ်အစိုးရက အရေးပေါ်စက်သုံးဆ ပြတ်တောက်မှု မရှိစေရေးအတွက်
ထုတ်လုပ်မှုနှင့် ၀ယ်ယူတင်သွင်းမှုမြှင့်တင်ကြရန် ရေနံကုမ္ပဏီများသို့အမိန့်တစ်ရပ် ထုတ်ပြန်ထားသည်။