ဘင်္ဂလား ပင်လယ်အော်အတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခုပေါ်ပေါက်ခဲ့ပြီး မုတ်သုံမိုး
ရွာသွန်းခဲ့သဖြင့် ရေလျှံမှုဖြစ်ပွားကာ သိရိလင်္ကာနိုင်ငံအရှေ့ပိုင်းဒေသရှိလူ ၂၀၀၀၀ တို့
သည်နေထိုင်ရာ အိမ်များမှ ဘေးကင်းရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း တာဝန်ရှိပုဂ္ဂိုလ်များ
ကအဂါင်္နေ့တွင် ပြောကြားသည်။
သိရိလင်္ကာနိုင်ငံ တောင်ပိုင်းဒေသတွင် မုတ်သုံမိုးသည် မေလနှင့်စက်တင်ဘာလအတွင်း
နှင့်အရှေ့မြောက်ပိုင်းဒေသတွင် ဒီဇင်ဘာလမှ ဖေဖော်ဝါရီလအထိသည်းထန်စွာ ရွာသွန်း
လေ့ရှိသဖြင့် ရေလျှံမှုဖြစ်ပွားကာ ဒေသခံများ မကြာခဏရွှေ့ပြောင်းခဲ့ကြရသည်။
သိရိလင်္ကာအရှေ့ပိုင်းရှိ အမ်ပါရာခရိုင်သည် စိုက်ပျိုးရေးထွန်းကားသည့် ဒေသဖြစ်ပြီးမိုး
သည်းထန်စွာ ရွာသွန်းခဲ့သည့်ဒဏ်ကို ခံခဲ့ရပြီး အနီးအပါးရှိ ဘတ်တီကာလိုအာဒေသသည်
မိုးဒဏ်ခံခဲ့ရသည်။