ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ပြင်ဦးလွင်မြို့နယ်၌ တည်ဆောက်ခဲ့သည့် အနီးစခန်း ဒစ်ဂျစ်တယ် အော်တိုအိတ်ချိန်းသစ်နှင့် ပဒေသာဆက်သွယ်ရေးစခန်း (စာတိုက်၊ ကြေးနန်းနှင့် တယ်လီဖုန်းစခန်း) ဖွင့်ပွဲအခမ်းအနားများကို ဒီဇင်ဘာ ၁၈ ရက် နံနက်ပိုင်းက ကျင်းပသည်။ ရှေးဦးစွာ အနီးစခန်း ဒစ်ဂျစ်တယ်အော်တိုအိတ်ချိန်းသစ်ဖွင့်ပွဲအခမ်းအနားကို နံနက် ၈ နာရီတွင် အဆိုပါ အိတ်ချိန်းသစ်၌ကျင်းပရာ ၀န်ကြီးဗိုလ်မှူးချုပ် သိန်းဇော်က အိတ်ချိန်းသစ်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။
စမ်းသပ်ခေါ်ယူ
ထို့နောက် ၀န်ကြီးများနှင့်ဒုတိယ၀န်ကြီးတို့သည် ဒစ်ဂျစ်တယ်အော်တိုအိတ်ချိန်းသစ်၌ တပ်ဆင်ထားသည့်စက်ပစ္စည်းများကို ကြည့်ရှူ့စစ်ဆေးကြပြီး အခြားဒေသများသို့ တယ်လီဖုန်းစမ်းသပ်ခေါ်ယူ ပြောဆိုကြသည်။
တပ်ဆင်ပြီး
အနီးစခန်း ဒစ်ဂျစ်တယ် အော်တိုအိတ်ချိန်းသစ်၌ အများဆုံးတပ်ဆင်နိုင်သည့် တယ်လီဖုန်းလိုင်းအင်အားမှာ ၄၈၁ ရှိပြီး ယခုအခါ လိုင်း ၂၅၀ တပ်ဆင်ထားပြီးဖြစ်သည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်
ထို့နောက် ပြင်ဦးလွင်မြို့နယ်၊ ပဒေသာမြို့သစ်ရှိ ပဒေသာဆက်သွယ်ရေးစခန်း (စာတိုက်၊ ကြေးနန်း၊ တယ်လီဖုန်းစခန်း)ဖွင့်ပွဲ အခမ်းအနားကို အဆိုပါ ဆက်သွယ်ရေးစခန်း၌ ကျင်းပရာ ၀န်ကြီး ဗိုလ်မှူးချုပ်သိန်းဇ်ာက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ ယင်းနောက် ၀န်ကြီးများနှင့် ဒုတိယ၀န်ကြီးတို့အား တာဝန်ရှိသူများက ပဒေသာဆက်သွယ်ရေးစခန်း၌ ဆောင်ရွက်နိုင်သည့် စာတိုက်၊ ကြေးနန်း၊ တယ်လီဖုန်း ဆက်သွယ်ရေးစခန်းဆိုင်ရာ ကိစ္စများ၊ ပြည်သူများသုံးစွဲရန် တပ်ဆင်ထားသည့် ဆက်သွယ်ရေးစက်ပစ္စည်းများကို လှည့်လည်ရှင်းလင်းပြသကြသည်။
မိုဘိုင်းလ်ဖုန်းအရေအတွက်
ပဒေသာ ဆက်သွယ်ရေးစခန်း၌ အများဆုံးတပ်ဆင်နိုင်သည့် တယ်လီဖုန်းလိုင်းအင်အားမှာ ၁၂၄၈ လိုင်းဖြစ်သည်။ အော်တိုတယ်လီဖုန်းလိုင်းသာမက (ဂျီအက်စ်အမ်)ရေဒီယိုစခန်းကိုလည်း ပူးတွဲဖွင့်လှစ်ထားရာ စုစုပေါင်းသုံးစွဲနိုင်သည့် မိုဘိုင်းလ်ဖုန်းအရေအတွက်မှာ ၃၃၇၉ လုံးဖြစ်သည်။
ပထမဆုံးဖွင့်လှစ်
ထို့ပြင် ပေဒသာဆက်သွယ်ရေးစခန်း Public Access Cences ကိုလည်း ဖွင့်လှစ်ထားသည်။ အဆိုပါ Public Access Cences မှာ ပြင်ဦးလွင်မြို့၌ ပထမဆုံး ဖွင့်လှစ်သည့် စင်တာဖြစ်ပြီး မြန်နှုန်းမြင့် ADSL စနစ်ကို အသုံးပြုထားကြောင်း သိရသည်။