ရာသီဥတုနှင့် ဆက်နွှယ်သည့် အန္တရာယ်များ မကြာခဏကြုံတွေ့နိုင် နိုင်ငံအားလုံးကြိုတင်ပြင်ဆင်သင့်ကြောင်း ကုလအစီရင်ခံစာ၌ ဖော်ပြ
ကမ္ဘာတစ်ဝန်းရှိလူများသည် ရတတ်သမျှ အရင်းအမြစ်များကို အသုံးပြု၍ ရေလွှမ်းမိုးမှု၊ မိုးခေါင်မှုနှင့် အခြားသော သဘာဝဘေးအန္တရာယ်များကို နည်းမျိုးစုံဖြင့့်် ဖြေရှင်းရန် ပြင်ဆင်လျက်ရှိကြောင်း ကုလသမဂ္ဂကအင်္ဂါနေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာ၌ ဖော်ပြထားသည်။ကမ္ဘာတစ်ဝန်း
ရှိနိုင်ငံများက မှန်လုံအိမ်ဓာတ်ငွေ့များ လျှော့ချရန် အစီအစဉ်များ အမြန်ချမှတ်ဆောင်ရွက်နေလင့်ကစား ကာဗွန်ဓာတ်ငွေ့များစုပြုံပြီး ဆက်လက်မြင့်မားနေမှုကြောင့် ကမ္ဘာ့ အပူရှိန်သည် မြင့်တက်နေမည်ဖြစ်ကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်၏ အစီရင်ခံစာတွင် ဖော်ပြထားသည် ။ယင်းအကျိုးဆက်အဖြစ် ရာသီဥတုနှင့် ဆက်နွှယ်သည့် အန္တရာယ်များ မကြာခဏ ကြုံတွေ့နိုင်မည်ဟုဖော်ပြထားသည်။နိုင်ငံအားလုံးက ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာမည့် အန္တရာယ်များကို ကာကွယ်နိုင်ရေး ပြင်ဆင် ဆောင်ရွက်သင့်သည်ဟု အစီရင်ခံစာတွင် ဖော်ပြသည် ။
ချမ်းသာကြွယ်ဝသည့် နိုင်ငံများအနေဖြင့် ပြည်သူ့ရင်းနှီးမြှုပ်နှံမှု ငွေကြေးအပေါ် အမှီသဟဲပြုဆောင်ရွက်နိုင်သော်လည်းနွမ်းပါးသည့်နိုင်ငံများအနေဖြင့်ကိုယ့်အားကိုယ်ကိုးလုပ်ဆောင်ရန်အခက်အခဲရှိသည်ဟု အစီရင်ခံစာတွင် ပါရှိသည်။
0 comments:
Post a Comment