အမေရိကန်သမ္မတ ဂျော့ဂ်ျဒဗလျူဘုရှ်၏ အိမ်ဖြူတော်ထိပ်တန်းအရာရှိအသိုင်းအ၀ိုင်းမှ အကြမ်းဖက်မှုတန်ပြန်နှမ်နင်းရေးနှင့် အမိမြေလုံခြုံရေးအကြံပေးအရာရှိ ဖန်တောင်ဆင် ရာထူးမှနုတ်ထွက်ကြောင်း နိုဝင်ဘာ ၁၉ ရက်က ထုတ်ပြန်ကြေညာသည်။
ယခုနှစ် သြဂုတ်လမှ နိုဝင်ဘာလများအတွင်း အိမ်ဖြူတော်အထက်တန်း အရာရှိအများအပြားရာထူးမှ နုတ်ထွက်ခဲ့သည်။ထိုအရာရှိများတွင် ရှေ့နေချုပ် အယ်လ်ဘာတိုဂွန် ဇာလေ့စ်၊အိမ်ဖြူတော်ကောင်စီဝင်းဒင်ဘတ်လက၊အိမ်ဖြူတော် ပြန်ကြားရေးအရာရှိ တော်နီစနိုးနှင့် သမ္မတ၏အထက်တန်း အကြံပေးအရာရှိ ကားလ်ရို့ဗ်တို့ ပါဝင်သည်။အကြံပေးအရာရှိ ဖန်တောင်ဆင်သည် နောက်ဆုံးရာထူးမှ နုတ်ထွက်သော အိမ်ဖြူတော်အသိုင်းအ၀ိုင်းမှ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။