ဘဂ္ဂဒက်မြို့လယ်တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွား၊ကန်နှစ်ဦးအပါအ၀င် နိုင်ငံခြားသား ၄၃ ဦးကို ထိန်းသိမ်း
အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့လယ်တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားခြင်းကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့မှုနှင့် ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့
က အမေရိကန် နှစ်ဦးနှင့် နိုင်ငံခြားသား ၃၁ ဦးအပါအ၀င် ၄၃ ဦးကို ထိန်းသိမ်းခဲ့ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူက တနင်္လာနေ့တွင် ပြောကြား
သည်။
နိုင်ငံခြားသား အလုပ်သမားများ၏ ယာဉ်တန်းကို ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီ လုံခြုံရေးဝန်ထမ်းများက အစောင့်အကြပ်အဖြစ် လိုက်ပါပေးခဲ့
ပြီး ဘဂ္ဂဒက်မြို့ ကာရာဒါရပ်ကွက်ကို ဖြတ်သန်းကာ လေဆိပ်သို့သွားရောက်စဉ် ပစ်ခတ်မှုဖြစ်ပွားခဲ့သဖြင့် အမျိုးသမီးတစ်သီးဒဏ်ရာရရှိခြင်းဖြစ်သည်။ ကားလေးစီးပါ ယာဉ်တန်းနှင့်အတူ သီရိလင်္ကာ ၂၃ ဦး၊ နီပေါ ၉ ဦးနှင့် အိန္ဒိယအလုပ်သမားတစ်ဦးလိုက်ပါလာခဲ့သည်။လုံခြုံရေးအစောင့်အဖြစ် အီရတ် ၁၀ ဦးနှင့် အမေရိကန်နှစ်ဦး လိုက်ပါခဲ့သည်။
စက်တင်ဘာလက အမေရိကန် ဘလက်ဝါးတားကုမ္ပဏီ လုံခြုံရေးအစောင့်များ ပစ်ခတ်မှုကြောင့် အီရတ် ၁၇ ဦးသေဆုံးရပြီးနောက် ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီလုံခြုံရေးအစောင့်များ၏ ပစ်ခတ်မှုဖြစ်ရပ် ပေါ်ပေါက်လာခြင်းဖြစ်သည်။
0 comments:
Post a Comment