နီပေါကျေးလက်ဒေသများ၌ ရေမသန့်ရှင်းမှုကြောင့် ကလေး ၁၃၀၀၀ ခန့် နှစ်စဉ်သေဆုံးနေ
နီပေါနိုင်ငံတွင် နှစ်စဉ်ကလေးငယ် ၁၃၀၀၀ သည် ရေညစ်ညမ်းမှုနှင့် မသန့်ရှင်းမှုကြောင့် သေဆုံးလျက်ရှိကြောင်း၊ရေအိမ်အသုံးပြုမှုနှင့် ကျန်းမာစွာနေထိုင်မှုသည် အထူးသဖြင့် ကျေးလက်ဒေသများအတွက် ပြဿနာများဖြစ်ကြောင်း ဆင်ဟွာသတင်းအရ သိရှိရသည။ကျန်းမာရေးနှင့်ညီ
ညွတ်သည့် ရေအိမ်များအသုံးပြုနိုင်ရေးနှင့်ပတ်သက်၍ ပြည်သူများအသိအမြင်တိုးပွားစေရန် ရည်ရွယ်၍ ကမ္ဘာ့ရေအိမ်များနေ့ အခမ်းအနားကို ကျင်းပခြင်းဖြစ်ကြောင်း ခတ္တမန္ဒူသတင်းစာတွင် ရေးသားသည်။
နီပေါနိုင်ငံတွင် ဖြစ်ပွားသည့်ရောဂါများ၏ ၈၀ ရာနှုန်းသည် သန့်ရှင်းသည့် သောက်သုံးရေမရမှုကြောင့် ဖြစ်ပွားခြင်းဖြစ်ပြီး အဆုတ်ရောင်ရော
ဂါပြီးလျှင် ၀မ်းလျှောရောဂါသည် ဒုတိယမြောက် အသေအပျောက် အများဆုံးရောဂါဖြစ်ကြောင်း နီပေါအစိုးရကပြောကြားသည်။
0 comments:
Post a Comment