ငါလုပ်သလိုမလုပ်နဲ့
တစ်နေ့ကလို့ထင်ပါတယ်။ သတင်းစာတစ်ဆောင်ရဲ့ သတင်းဓာတ်ပုံ
တစ်ခုမှာ အစ္စရေးဘက်က ဖျက်စီးလိုက်လို့ ပြိုကျ နေတဲ့နေအိမ်တိုက်တာပုံ
တွေကိုတွေ့ လိုက်ရပါတယ်။အဲဒီနေအိမ်တိုက်တာတွေဟာ ပါလက်စတိုင်းတို့ 
နေထိုင်ရာဂါဇာကမ်းမြောင်ဒေသထဲကနေအိမ်တွေဖြစ်ပါတယ်။
အစ္စရေးနှင့် ပါလက်စတိုင်းရဲ့  အရေးဟာဇာတ်လမ်းအရှည်ကြီးမို့ အကျယ်
ချဲ့ မပြောချင်ပြဘူး၊ ဒါပေမယ့် အစ္စရေးဟာ ပါလက်စတိုင်းနိုင်ငံသူ၊ နိုင်ငံသားတွေ
ကို လုပ်ချင်တိုင်းလုပ်နေတာ၊ ဒုက္ခသည်စခန်းထဲဝင်ပြီး လူတွေသတ်ပစ်တာ၊ ကောင်း
ကင်ပေါ်ကနေ လေယာဉ်ပျံတွေနဲ့ ဗုံးကြဲပြီး ပါလက်စတိုင်းလူမျိုး တွေရဲ့ အသက်အိုး
အိမ်၊ စည်းစိမ်ကို ဖျက်စီးတာ၊ ပါလက်စတိုင်းတွေရဲ့ နေအိမ်တွေကို ဘူဒိုဇာတွေနဲ့ 
ဖြိုချလိုက်၊ အမြှောက်တွေနဲ့ ပစ်လိုက် လုပ်နေတာ နည်းတဲ့ နှစ်မှ မဟုတ်ဘဲ။
ဒါပေမယ့် အစ္စရေးတို့ ရဲ့ ဆရာကြီး အမေရိကန်က ဒီကိစ္စကိုမသိကျိုးကျွံ ပြုနေတယ်လေ။
သူတို့ နဲ့ မတည့်တဲ့နိုင်ငံတစ်ခုခုကအခြားတတိယနိုင်ငံတစ်ခုခုကို(အစ္စရေးကပါလက်စတိုင်းတို့ ကိုလုပ်သလို)
လုပ်ကြည့်ပါလား။ဝိုင်းပြီး"အူကြ"၀ိုင်းပြီး"အာ"ကြမှာအသေအချာပါဘဲ၊ပြီးယင်ကုလသမဂ္ဂကိုသုံးပြီးစစ်ဆေးမှုတွေ
လုပ်ခိုင်းမယ်။တရားမျှတမှုဆိုတာဘာကိုခေါ်တာလဲ။အမေရိကန်ဘက်တော်သားတွေလုပ်တာမှတရားမျှတတယ်။
ကျန်တဲ့သူတွေငါတို့ လိုလုပ်ရင်မတရားဘူးလို့ များဆိုလိုချင်သလားမေးကြည့်ချင်ရဲ့ ။
မြေတူးစက်များဖြင့် ဖျက်ဆီး
ဂါဇာကမ်းမြောင်ဒေသ၊ဒိုင်ရာအယ်ဘာလက်ကျေးရွာရှိ အဆောက်အအုံများအား အစ္စရေးတို့ကမြေတူးစက် များဖြင့်ဖျက်ဆီးထားသည်ကိုနိုဝင်ဘာလ၊(၉)ရက်နေ့ကတွေ့ရစဉ်။
0 comments:
Post a Comment