စွမ်းအင်သုံးစွဲမှု အများဆုံးနိုင်ငံ တရုတ်ဖြစ်လာမည်
တရုတ်နိုင်ငံသည် ၂၀၁၀ပြည့်နှစ်တွင် ကမ္ဘာပေါ်၌စွမ်းအင်အများဆုံးသုံးစွဲသည့်နိုင်ငံအဖြစ် အမေရိကန်
ပြည်ထောင်စု၏နေရာသို့ရောက်ရှိလာမည့်ဖြစ်ကြောင်းနိုင်ငံတကာ စွမ်းအင်အေဂျင်စီ(အိုင်အီးအေ)က
နိုဝင်ဘာ၂၄ရက်တွင်ပြေကြားသည်။ယခုအချိန်မှ ၂၀၃၀ပြည့်နှစ်အထိဖြစ်သောကာလတွင်ကမ္ဘာစွမ်းအင်
ဝယ်လိုအား ၅၀ရာခိုင်နှုန်းကျော်မြင့်တက်လာမည်ဖြစ်ကြောင်း၊ ကမ္ဘာ့စွမ်းအင်ဝယ်လိုအား၏ ၄၀ရာခိုင်
နှုန်းမှာ အိန္ဒိယနှင့်တရုတ်နိုင်ငံတို့မှဖြစ်ကြောင်းအဆိုပါ အေဂျင်စီကပြောကြားသည်။ တရုတ်နှင့်အိန္ဒိယ
တို့တွင်စက်မှုလုပ်ငန်းများလျင်မြန်စွာပေါ်ထွန်းလာနေကြောင်း၊ ယင်းနှစ်နိုင်ငံ၏စွမ်းအင်ဝယ်လိုအားမြင့်
တက်လာမှုကြောင့် ကမ္ဘာစွမ်းအင်ဝယ်လိုအားပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း အစီရင်ခံစာတွင်ဖော်
ပြထားသည်။တရုတ်နှင့်အိန္ဒိယနိုင်ငံတို့သည် ကမ္ဘာပေါ်တွင်လူဦးရေအများဆုံးနိုင်ငံများဖြစ်ပြီးစီးပွား
ရေးတိုးတက်မှုနှုန်း အလျင်အမြန်ဆုံးနှုန်းဖြင့် စက်မှုလုပ်ငန်းများကိုထူထောင်လျက်ရှိကြောင်း၊တရုတ်
နိုင်ငံ၏ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုးသည် မကြာသေးမီနှစ်များအတွင်း ဆယ်ဂဏန်းရာ
ခိုင်နှုန်းအထိမြင့်တက်လာကြောင်း၊ အိန္ဒိယနိုင်ငံ၏ဂျီဒီပီတိုးတက်မှုနှုန်းမှာလည်း ၁၀ရာခိုင်နှုန်းခန့်ရှိ
ကြောင်းအဆိုပါအစီရင်ခံစာတွင်ဖော်ပြထားသည်။
အမ်အင်အေ၊ရိုက်တာ။
0 comments:
Post a Comment